HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

MIC ဖူဆယ်အသင်း ၁၆ ပွဲ ဆက်တိုက်နိုင် ၊ မြို့မ YTD ဖူဆယ်အသင်း အဆင့် ၄ ရောက်

MIC ဖူဆယ်အသင်း ၁၆ ပွဲ ဆက်တိုက်နိုင် ၊ မြို့မ YTD ဖူဆယ်အသင်း အဆင့် ၄ ရောက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၉- MIC ဖူဆယ်အသင်း (၁၆)ပွဲဆက် နိုင်ပွဲ ရရှိကာ မြို့မ YTD ဖူဆယ်အသင်း နှစ်ပွဲဆက်အရှုံးကြောင့် အဆင့် ၄ နေရာသို့ ရောက်ရှိခဲ့သည်။

မြန်မာဖူဆယ်လိဂ် ပွဲစဉ်(၁၆) ကို ဖေဖော်ဝါရီ ၉ ရက်တွင် ရန်ကုန် မြို့ မိုးလုံလေလုံ အားကစားရုံ(၁) သုဝဏ္ဏတွင် ကျင်းပခဲ့သည်။ နံနက် ၈ နာရီတွင် ကစားခဲ့သည့် ရွှေမြဝတီ ဖူဆယ်အသင်းနှင့် AMM ဖူဆယ်အသင်း ပွဲစဉ်တွင် (၂-၁) ဂိုး ဖြင့် ရွှေမြဝတီ ဖူဆယ်အသင်းက အနိုင်ရရှိခဲ့သည်။

ဒုတိယပွဲစဉ်တွင် GV Athletic ဖူဆယ်အသင်းက Comrade ဖူဆယ်အသင်းကို (၃-၁)ဂိုးဖြင့် အ နိုင်ရရှိခဲ့သည့်အတွက် အမှတ်ပေးဇယား အဆင့် ၃ နေရာကို တက် လှမ်းနိုင်ခဲ့သည်။ တတိယပွဲစဉ်တွင် UPT ဖူဆယ်အသင်းက Titan XII ဖူဆယ်အသင်းကို (၂-၁)ဂိုးဖြင့် အ နိုင်ရရှိခဲ့ သည်။

စတုတ္ထမြောက်ပွဲစဉ်တွင် အမှတ်ပေးဇယားအဆင့် ၂ နေရာ တွင် ရပ်တည်နေသည့် VUC ဖူဆယ်အသင်းက White Colour ဖူဆယ်အသင်းကို (၂၅-၃) ဂိုးဖြင့် ဂိုးပြတ် အနိုင်ရရှိခဲ့သော်လည်း ပဉ္စမ မြောက်ပွဲစဉ်တွင် မြို့မ YTD ဖူဆယ်အသင်းက MIC ဖူဆယ်အသင်းကို (၃-၁၁) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ သည့်အတွက် MIC ဖူဆယ်အသင်း အမှတ်ပေးချန်ပီယံဖြစ်ရန် နီးစပ်လာပြီဖြစ်သည်။ နောက်ဆုံးပွဲစဉ် တွင် MFF ယူ-၁၉ ဖူဆယ်အသင်း ကို (၂-၃)ဂိုးဖြင့် Paya United ဖူဆယ်အသင်းက အနိုင်ရရှိခဲ့ သည်။

NTL/DemocracyToday

Rate this item
(0 votes)
YMG

back to top