HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

ဘာစီလိုနာနှင့် မရခဲ့ဖူးသော ချန်ပီယံလိဂ်ကို မန်ယူနှင့် ဆန်းချက်ဇ်ရယူလို၊ အမြဲတမ်းနည်းပြအဖြစ် ဆိုးလ်ရှားကို ရွေးချယ်ထားပြီးဟု သတင်းထွက်

ဘာစီလိုနာနှင့် မရခဲ့ဖူးသော ချန်ပီယံလိဂ်ကို မန်ယူနှင့် ဆန်းချက်ဇ်ရယူလို၊ အမြဲတမ်းနည်းပြအဖြစ် ဆိုးလ်ရှားကို ရွေးချယ်ထားပြီးဟု သတင်းထွက်

မန်ယူတိုက်စစ်မှူးဆန်းချက်ဇ်က ချန်ပီယံလိဂ်မှာ ကစားသမားတိုင်း၏အိပ်မက်ဖြစ်သည့်အတွက် မိမိအနေဖြင့် အသင်းဟောင်း ဘာစီလိုနာတွင် မရခဲ့ဖူး သော ချန်ပီယံလိဂ်ဆုဖလားကို မန်ယူနှင့်အတူရယူလိုကြောင်း ပြောသည်။ ဘာစီလိုနာသည်အသင်းသို့ ဆန်းချက်ဇ် မရောက်ရှိမီ ၂ဝ၁၁ ခုနှစ်က ချန်ပီယံလိဂ်တွင် ဗိုလ်စွဲခဲ့သလို အာဆင်နယ်သို့ ဆန်းချက်ဇ် ပြောင်း ရွှေ့သွားပြီးနောက် ၂ဝ၁၅ ခုနှစ်တွင်လည်း တစ်ကြိမ် ထပ်မံဗိုလ်စွဲခဲ့ရာ ကစားသမားဘဝတွင် မရရှိဖူးသေးသော ချန်ပီယံလိဂ်ဆုဖလားကိုရယူနိုင်ရန် ဆန်းချက်ဇ်က ဆန္ဒပြင်းပြနေခြင်းဖြစ်သည်။

ဆန်းချက်ဇ်က ''ချန်ပီယံလိဂ်ဆိုတာ ကစားသမားတိုင်းရဲ့ အိပ်မက်ပါ။ ဒါက ဘယ်လိုအရာလဲဆိုတာကို ဘာစီလိုနာမှာ ကစားခဲ့တုန်းကကြုံ တွေ့ခဲ့ရဖူးပါတယ်။ ဒီဆုဖလားကို တစ်နေ့ ရရမယ်လို့ ရည်မှန်းထားလို့ မန်ယူမှာလည်း မရနိုင်ဘူးလို့ မပြောနိုင်ပါဘူး။ အုပ်စုအဆင့်ကို ကျော်ဖြတ်လာပြီးနောက်မှာ ပီအက်စ်ဂျီနဲ့ ကစားရမှာဖြစ်ပြီး ဒီပွဲက ကြီးမားတဲ့စမ်းသပ်မှုဆိုပေမယ့် မိနစ် ၁၈ဝ ကစား ရမယ့်ဒီပွဲတွေမှာ ဘာမဆိုဖြစ်နိုင်ပါတယ်။ မန်ယူဟာ ဘယ်အသင်းကိုမဆို အနိုင်ယူကစားနိုင်တဲ့ သမိုင်းမှတ်တမ်းကောင်းရှိတဲ့ အသင်းပါ။ အိမ်ကွင်းမှာ ဂိုးမပေးရဘဲ အနိုင်ရခဲ့မယ်ဆိုရင် ဒုတိယအကျော့မှာ ကျွန်တော်တို့က ရေပန်းစားတဲ့အသင်း ဖြစ်သွားမှာပါ။ အခု မန်ယူဟာ ပါရီမှာလည်း ဂိုးသွင်းနိုင်မယ့် အခွင့် အရေး အများကြီးရှိပါတယ်''ဟု ပြောကြားခဲ့သည်။


အခြားတစ်ဖက်တွင် မန်ယူအသင်းဘုတ်အဖွဲ့သည် ယာယီနည်းပြအ ဖြစ် ခန့်အပ်ထားသော ဆိုးလ်ရှားကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်တာ ဝန်ပေးရန် ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ The Sun သတင်းစာက ဖော်ပြခဲ့ရာတွင် ဖူလ်ဟမ်ကို ၃-ဝ ဖြင့် အနိုင်ရခဲ့သော ပွဲအပြီးတွင် ဆိုးလ်ရှားနှင့် စကားပြောဆိုခဲ့သော အသင်းပူးတွဲဥက္ကဋ္ဌ အေဗရမ်ဂလေဇာမှာ အခြားဥက္ကဋ္ဌ ဂျိုအယ်ဂလေဇာနှင့် ဆွေးနွေးခဲ့ပြီးနောက် ဘုတ်အဖွဲ့ ဝင်များအကြား ဆိုးလ်ရှားကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ရန် ဆုံးဖြတ်ထားပြီး ဖြစ်ကြောင်းသိရသည်။


ဆိုးလ်ရှားမှာ မော်ရင်ဟို ထုတ်ပယ်ခံရပြီးနောက် မန်ယူကို တာဝန်ယူခဲ့ရာတွင် ၁၁ ပွဲဆက်တိုက်ရှုံးပွဲ မရှိအောင် စွမ်းဆောင်ပေးထားသူဖြစ်ပြီး မန်ယူအသင်းမှာ နည်းပြသစ် ထပ်မံရှာဖွေခြင်းမပြုဘဲ ဆိုးလ်ရှားကိုသာ ဆက်လက် တာဝန်ပေးရန် ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း၊ သို့ရာတွင် ရာသီကုန်ချိန်မှသာ တရားဝင်ကြေညာမည် ဖြစ်ကြောင်း The Sun သတင်းစာက ဖော်ပြခဲ့သည်။ 

KKW

#democracytoday

Rate this item
(0 votes)
back to top