HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

လေးနှစ်ဆက် ချန်ပီယံဖြစ်ရန် နည်းပြဆိုလာရီ ရည်မှန်း  

လေးနှစ်ဆက် ချန်ပီယံဖြစ်ရန် နည်းပြဆိုလာရီ ရည်မှန်း   

ရီးရဲလ်နည်းပြ ဆိုလာရီကအသင်းအတွက် မဖြစ်နိုင်သည့်အရာဟူ၍ မရှိခြင်းကြောင့် ချန်ပီယံလိဂ်ဆုဖလားကို လေးနှစ်ဆက်တိုက် ရယူနိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ရီးရဲလ်သည် လတ်တလောနှစ်များအတွင်း ဥရောပကို လွှမ်းမိုးထားခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲတွင် သုံးနှစ်ဆက်တိုက် ဗိုလ်စွဲနိုင်ခဲ့ရာ ယခုနှစ်တွင်လည်း လေးနှစ်ဆက် ချန်ပီယံဖြစ်ရန် ဆိုလာရီက ရည်မှန်းနေခြင်းဖြစ်သည်။

ဆိုလာရီက ''ရီးရဲလ်အတွက် မဖြစ်နိုင်ဘူးဆိုတာဘာမှမရှိပါဘူး။ ၁၆ သင်းအဆင့်မှာ ရင်ဆိုင်ရမယ့် အေဂျက်ဟာ လူငယ် တွေကို မွေးထုတ်ပေးနိုင်တာနဲ့ တိုက်စစ်အသားပေးတဲ့ ကစားဟန်တွေကြောင့် ထင်ရှားပါတယ်။ ချန်ပီယံလိဂ်ရဲ့ အခုလိုအဆင့်မှာ ပွဲတိုင်းကခက်ခဲမှာပဲဖြစ်လို့ အေဂျက်နဲ့ပွဲတွေဟာလည်း ခက်ခဲဦးမှာပါ''ဟု ပြောကြားခဲ့သည်။

KKW

#democracytoday

Rate this item
(0 votes)
back to top