HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

ဗန်ဒစ်မပါဝင်နိုင်သော်လည်း စိုးရိမ်ရန်မလိုကြောင်း အလစ်ဆန်ပြောဆို၊ မိမိ၏အတွေ့အကြုံများဖြင့် ဘိုင်ယန်ကို ရင်ဆိုင်ရန် အသင့်ရှိဟု ကီတာကြုံးဝါး

ဗန်ဒစ်မပါဝင်နိုင်သော်လည်း စိုးရိမ်ရန်မလိုကြောင်း အလစ်ဆန်ပြောဆို၊ မိမိ၏အတွေ့အကြုံများဖြင့် ဘိုင်ယန်ကို ရင်ဆိုင်ရန် အသင့်ရှိဟု ကီတာကြုံးဝါး

လီဗာပူးဂိုးသမားအလစ်ဆန်က ဘိုင်ယန်နှင့်ပွဲတွင် နယ်သာလန်နောက်ခံလူ ဗန်ဒစ် ပါဝင်နိုင် မည်မဟုတ်သည့်အတွက် မိမိတို့ ခံစစ်အားနည်းနိုင်ကြောင်း ခန့်မှန်းနေကြသော်လည်း စိုးရိမ်ရန်မလို ကြောင်း ပြောကြားခဲ့သည်။

ဗန်ဒစ်သည် တစ်ပွဲပယ်ပြစ်ဒဏ်ကြောင့် အိမ်ကွင်းတွင်ကစားရမည့် ချန် ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်ကို လွဲချော်ရမည်ဖြစ်ရာ ဂျိုးဂိုမက်ဇ်မှာ အနားယူနေရ ဆဲဖြစ်ခြင်း၊ လိုဗရန်မှာ ပြန်ကစားနိုင်ရန် မသေချာခြင်းများကြောင့် လီဗာပူးနည်းပြ ကလော့ပ်အနေ ဖြင့် ဗဟိုခံစစ်တွင် မာတစ်ပ်နှင့် ကွင်းလယ်လူ ဖာဘင်ဟိုတို့ကို တွဲဖက်အသုံးပြုဖွယ်ရှိနေသည်။

ဗန်ဒစ်သည် ယခုနှစ်ရာသီတွင် လီဗာပူးအတွက် ပရီးမီးယားလိဂ်တွင် ၂၆ ပွဲစလုံး ပွဲချိန်ပြည့်က စားထားသူဖြစ်ရာ ¤င်းမပါဝင်နိုင်ခြင်းက လီဗာပူးခံစစ် အားနည်းဖွယ်ရှိကြောင်း သုံးသပ်မှုများရှိနေသော် လည်း ယင်းအခြေအနေကို စိုးရိမ်ရန်မလိုဟု အလစ်ဆန်ကဆိုခဲ့ခြင်းဖြစ်သည်။

အလစ်ဆန်က ''နောက်ခံလူအားလုံးဟာ တစ်ယောက်မကစားနိုင်ရင် တစ်ယောက် ဝင်ကစားနေတာပဲဖြစ်လို့ ဗန်ဒစ် မကစားနိုင်တာကို ကြီးမားတဲ့ဆုံးရှုံးမှုလို့ ကျွန်တော်တို့မမြင်ပါဘူး။ ဘယ်အသင်းမှာမဆို ခံစစ် ကစားသမားတွေကြားမှာ အကောင်းဆုံးဆက်သွယ်မှုရှိဖို့နဲ့ တစ်ယောက်အကြောင်း တစ်ယောက်သိဖို့ က အရေးကြီးပါတယ်။ အခုလိုအခြေအနေမျိုးကို ကြုံဖူးပြီးသားဖြစ်လို့ ခံစစ်ပိုင်းအတွက် ယုံကြည်မှုရှိ ထားပါတယ်''ဟု ပြောကြားခဲ့သည်။

တစ်ချိန်တည်းတွင် လီဗာပူးကွင်းလယ်လူ နာဘီကီတာက ဘွန်ဒက်စ်လီဂါတွင် လစ်ပ်ဇစ်နှင့်အတူ ကစားခဲ့ဖူးသော အတွေ့အကြုံများအရ ဘိုင်ယန်ကို အကောင်းဆုံး ရင်ဆိုင်ကစားရန် အသင့်ရှိနေပြီ ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ကီတာသည် လစ်ပ်ဇစ်တွင်ကစားခဲ့စဉ်က ဘိုင်ယန်နှင့် မကြာခဏ ဆုံတွေ့ ကစားခဲ့ဖူးပြီး မတ်လအတွင်း ဘိုင်ယန်ကို ၂-၁ ဖြင့်အနိုင်ရခဲ့သောပွဲတွင် ဂိုးသွင်းယူနိုင်ခဲ့သော်လည်း ပိုကယ်ဖလားတွေ့ ဆုံမှုတွင်မူ ထုတ်ပယ်ခြင်းခံခဲ့ရသည်။

ကီတာက ''အဲဒီတုန်းက အထုတ်ခံရတာ ကျွန်တော့်အတွက် ခါးသီးတဲ့ အတွေ့အကြုံဖြစ်ခဲ့ပြီး အဝါကတ် နှစ်ကြိမ်အပြခံရတာ ပြစ်ဒဏ်က ပြင်းထန်လွန်းတယ်လို့ ထင်ပါတယ်။ ဒီတစ်ခါတော့ ပိုကောင်းအောင် ကစားနိုင်မယ်လို့ မျှော်လင့်ပါတယ်''ဟု ဆိုခဲ့သည်။

ထို့အပြင် ကီတာက ဘိုင်ယန်နှင့်ပတ်သက်၍ အတွေ့အကြုံရှိသည်မှာ မိမိတစ် ဦးတည်းမဟုတ်ဘဲ အသင်းဖော် ရှာကွီရီနှင့် နည်းပြကလော့ပ်တို့လည်း ရှိနေ ရာ ဘိုင်ယန်ကို အကောင်းဆုံးရင်ဆိုင် နိုင်မည်ဟု ယုံကြည်ချက်ရှိကြောင်း ဆက် လက်ပြောကြားခဲ့သည်။

Rate this item
(0 votes)
YMG

back to top