HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

နည်းပြအဖြစ် လီဂူးတွင် လုပ်ကိုင်ဖွယ်ရှိကြောင်း မော်ရင်ဟိုဆို

နည်းပြအဖြစ် လီဂူးတွင် လုပ်ကိုင်ဖွယ်ရှိကြောင်း  မော်ရင်ဟိုဆို

မန်ယူနည်းပြဟောင်း မော်ရင်ဟိုက မတူညီသော နိုင်ငံ လေးခုတွင် နည်းပြအဖြစ် တာဝန်ယူခဲ့ဖူးသည့် မိမိအနေဖြင့် နောက်ထပ် နည်းပြတာဝန်ကို လီဂူးကလပ် အသင်းများအ နက်မှ ရယူဖွယ်ရှိနေကြောင်း ပြောကြားခဲ့သည်။

မော်ရင်ဟိုသည် ဒီဇင်ဘာလအတွင်း မန်ယူနည်းပြအ ဖြစ်မှ ထုတ်ပယ်ခံရပြီးနောက်ပိုင်း ပွဲသုံးသပ်သူအဖြစ် တာဝန် ယူ လုပ်ကိုင်လျက်ရှိပြီး လိုင်လီ-မွန့်ပယ်လီယာ ပွဲစဉ်တွင် ပွဲ ကြည့်စင်ထက်၌ မြင်တွေ့ခဲ့ရပြီးနောက် ယခုကဲ့သို့ ပြောကြား ခဲ့ခြင်းဖြစ်သည်။

မော်ရင်ဟိုက ''လီဂူးနည်းပြတစ်ဦးအနေနဲ့ ကျွန်တော့် ကိုယ်ကျွန်တော် တွေးကြည့်မိပါတယ်။ မတူညီတဲ့ နိုင်ငံလေးခု မှာ နည်းပြလုပ်ခဲ့ဖူးတဲ့ ကျွန်တော့်အနေနဲ့ တခြားယဉ်ကျေးမှု တွေကို သိရှိလေ့လာရတာကို နှစ်သက်သလို အမှတ်ပေးလိဂ် အသစ်တစ်ခုမှာ လုပ်ကိုင်ရတာက ထူးခြားတဲ့ အတွေ့အကြုံ ပါပဲ။ လက်ရှိမှာ မိသားစုအတွက် အချိန်ပေးထားပြီး သင့်တော် တဲ့ အခွင့်အလမ်းကို စောင့်နေပါတယ်။ နှစ်လ၊ သုံးလလောက် အလုပ်မရှိတာ ပြဿနာမရှိပေမယ့် ဒီထက်ကြာရင်တော့ အ ခက်အခဲ ရှိသွားနိုင်ပါတယ်''ဟု ပြောဆိုခဲ့သည်။

Rate this item
(0 votes)
YMG

back to top