HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

အထုတ်ခံရခြင်းထက် ရလဒ်များအတွက်သာ အသင်းနည်းပြဆာရီ ပိုမို စိုးရိမ်မှုရှိ

အထုတ်ခံရခြင်းထက် ရလဒ်များအတွက်သာ အသင်းနည်းပြဆာရီ ပိုမို စိုးရိမ်မှုရှိ

ချဲလ်ဆီးနည်းပြဆာရီက မန်ယူကိုရှုံးနိမ့်ကာ အက်ဖ်အေဖလား မှထွက်ခဲ့ရပြီးနောက် ဖိအားများ ပိုမိုများပြားလာသော်လည်း မိမိအ နေဖြင့် ရာထူးမှထုတ်ပယ်ခံရနိုင် သည်ထက် အသင်း၏ရလဒ်များ ဆိုးရွားနေသည်ကိုသာ ပိုမိုစိုးရိမ် မိကြောင်း ပြောဆိုခဲ့သည်။ ဆာရီသည် မန်စီးတီးကို ၆- ဝဖြင့် ရှုံးနိမ့်ခဲ့ပြီးကတည်းက ၎င်း၏အနာဂတ်နှင့်ပတ်သက်၍ မရေ ရာမှုများရှိလာခဲ့ခြင်းဖြစ်ပြီး အိမ် ကွင်းတွင် မန်ယူကို ၂-ဝဖြင့်ရှုံးနိမ့် ကာ အက်ဖ်အေဖလားမှထွက်ခဲ့ရ ပြီးနောက် ထုတ်ပယ်ခံရရန် ပိုမို နီးစပ်လာကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

သို့ရာတွင်ဆာရီက ''အသင်း ပိုင်ရှင်က ကျွန်တော့်ကို ရာထူးက ထုတ်တော့မယ်ဆိုတာ ကျွန်တော့် ပြဿနာမဟုတ်သလို ဒီလိုစိုးရိမ် မှုမျိုးကို စီးရီးဘီမှာတုန်းကပဲ ကျွန် တော်စိုးရိမ်ခဲ့ဖူးပါတယ်။ လက်ရှိ မှာ ကျွန်တော်စိုးရိမ်နေတာက အသင်းရဲ့ရလဒ်တွေဖြစ်ပြီး အသင်း အပေါ်ဝေဖန်နေတဲ့ပရိသတ်တွေ ကြောင့်လည်း ဘာမှမစိုးရိမ်ပါ ဘူး''ဟု ပြောကြားခဲ့သည်။ 

KKW

#democracytoday

Rate this item
(0 votes)
back to top