HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

ယခုနှစ် ဗိုလ်လုပွဲကို အိမ်ကွင်းတွင် ကစားရခြင်းက အပိုတွန်းအားဖြစ်စေဟု ဂရစ်ဇ်မန်း ဆို

ယခုနှစ် ဗိုလ်လုပွဲကို အိမ်ကွင်းတွင် ကစားရခြင်းက အပိုတွန်းအားဖြစ်စေဟု ဂရစ်ဇ်မန်း ဆို

အက်သလက်တီကိုတိုက်စစ်မှူး ဂရစ်ဇ်မန်းက ယခုနှစ်ချန်ပီယံလိဂ်ပြိုင်ပွဲ၏ ဗိုလ်လုပွဲကို မိမိတို့၏အိမ်ကွင်းဖြစ်သော ဝန်ဒါအားကစားကွင်းတွင် ကစားမည်ဆို ခြင်းက အသင်းအတွက် အပိုတွန်းအား တစ်ရပ်ဖြစ်စေကြောင်း ထုတ်ဖော်ပြော ကြားခဲ့သည်။ အက်သလက်တီကိုသည် နောက်ဆုံး ငါးရာသီအတွင်း ချန်ပီယံလိဂ်တွင် အနည်းဆုံး ကွာတားဖိုင်နယ်အဆင့်သို့ လေးကြိမ်တက်ရောက်နိုင်ခဲ့ရာ လာမည့် ဂျူဗင်တပ်နှင့်ပွဲတွင်လည်း အနိုင်ယူကျော် ဖြတ်နိုင်မည်ဟု ဂရစ်ဇ်မန်းက ယုံကြည် နေခြင်းဖြစ်သည်။

ဂရစ်ဇ်မန်းက ''ဒီနှစ်ဗိုလ်လုပွဲကို ကျွန်တော်တို့အိမ်ကွင်းမှာ ကစားမယ် ဆိုတာက အသင်းအတွက်ရော ပရိသတ် တွေအတွက်ပါ အပိုစိတ်ဓာတ်ခွန်အား ဖြစ်စေပါတယ်။ အိမ်ကွင်းမှာ ဗိုလ်လုပွဲက စားရမယ်ဆိုတာက အက်သလက်တီကို အသင်းနဲ့သက်ဆိုင်သူအားလုံးအတွက် အောင်ပွဲခံစရာဖြစ်လာမှာပါ''ဟု ပြော ကြားခဲ့သည်။

KKW

#democracytoday

Rate this item
(0 votes)
back to top