HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

ရှော်ကေးထက် မိမိတို့တွင် ဖိအားပိုများသည်ဟု ကွင်းလယ်လူ ဂန်ဒိုဂန် ဝန်ခံ၊ ဖလားလေးလုံး ရယူနိုင်မည့် လမ်းကြောင်းပေါ်တွင် ရှိနေ၍ ဂွါဒီယိုလာကျေနပ်

ရှော်ကေးထက် မိမိတို့တွင် ဖိအားပိုများသည်ဟု ကွင်းလယ်လူ ဂန်ဒိုဂန် ဝန်ခံ၊ ဖလားလေးလုံး ရယူနိုင်မည့် လမ်းကြောင်းပေါ်တွင် ရှိနေ၍ ဂွါဒီယိုလာကျေနပ်

မန်စီးတီးကွင်းလယ်လူဂန်ဒိုဂန်က ချန်ပီယံလိဂ်တွင် ရှော်ကေးနှင့်ကစားရမည် ဖြစ်၍ နောက်တစ်ဆင့်တက်ရန် မိမိတို့ အသင်းက ရေပန်းစားနေသော်လည်း ရှော် ကေးထက် မိမိတို့တွင် ဖိအားပိုမိုများပြား ကြောင်း ဝန်ခံပြောကြားခဲ့သည်။ မန်စီးတီးသည် ရှော်ကေးနှင့်ပွဲမတိုင်မီ အက်ဖ်အေဖလားပဉ္စမအဆင့်တွင် အသင်း ငယ်နယူးပို့တ် ကို ၄-၁ ဖြင့်အနိုင်ရခဲ့ချိန် တွင် ရှော်ကေးမှာမူ ဖရိုင်းဘတ်နှင့် ဂိုးမရှိ သရေကျခဲ့ခြင်းကြောင့် လာမည့် ချန်ပီယံ လိဂ် ၁၆ သင်းအဆင့်တွေ့ဆုံမှုတွင် ရှော် ကေးအနေဖြင့် လတ်တလောအတွင်း ခြေ စွမ်းကောင်းရနေသော မန်စီးတီးကို ကျော် ဖြတ်ရန်မလွယ်ကူကြောင်း ခန့်မှန်းကြသည်။

သို့ရာတွင် ဂန်ဒိုဂန်က ''လူတွေအား လုံးက နောက်တစ်ဆင့်တက်ဖို့ ရှော်ကေးမှာ အခွင့်အရေးမရှိဘူးလို့ထင်မြင်နေကြတာက ကျွန်တော်တို့အတွက် အန္တရာယ်ဖြစ်လာနိုင် ပါတယ်။ အဝေးကွင်းပွဲစဉ်ဖြစ်ပေမယ့် ကျွန် တော်တို့ပဲ ပွဲကိုလွှမ်းမိုးထားမယ်လို့ ထင်နေ ကြပါတယ်။ တကယ်တမ်းပြောရရင် ရှော် ကေးမှာ ဘာမှဆုံးရှုံးစရာမရှိလို့ ကျွန်တော် တို့မှာ ဖိအားပိုများပါတယ်''ဟု ပြောကြား ခဲ့သည်။ ဂန်ဒိုဂန်သည်ကလေးဘဝက ရှော်ကေး အကယ်ဒမီတွင်ရှိခဲ့သော်လည်း အသက် ရှစ်နှစ်အရွယ်တွင် ငြင်းပယ်ခြင်းခံခဲ့ရပြီး ယင်းနောက်တွင်မှ ဟက်စလာ၊ ဘိုချန်၊ နုရင်ဘတ်နှင့် ဒေါ့မွန်အသင်းများသို့ရောက် ရှိခဲ့ခြင်းဖြစ်သော်လည်း ငယ်ဘဝမကျေနပ် မှုများကို လက်စားချေတုံ့ပြန်လိုသည့်စိတ် မျိုးမရှိကြောင်း ပြောကြားခဲ့သည်။


ဂန်ဒိုဂန်က ''အဲဒီအချိန်တုန်းက ကျွန် တော့်မှာ ကာယပိုင်းအားနည်းချက်ရှိခဲ့ပြီး နှစ်ဝက်လောက် အားကစားလုပ်နိုင်မှာ မဟုတ်လို့ ရှော်ကေးက ကျွန်တော့်ကိုငြင်း ပယ်ခဲ့တာပါ။ နောက်သုံးလေးနှစ်အကြာမှာ ပြန်ဆက်သွယ်လာပေမယ့် ကျွန်တော့်စိတ်ထဲမှာ အခဲမကျေဖြစ်ခဲ့ပါတယ်။ အမြဲတမ်း တော့မဟုတ်ပေမယ့် သူတို့ကို ကျွန်တော် ခွင့်လွှတ်ထားခဲ့ပါတယ်''ဟု ပြောခဲ့သည်။ အခြားတစ်ဖက်တွင် မန်စီးတီးနည်းပြ ဂွါဒီယိုလာက ယခုကဲ့သို့ ဖေဖော်ဝါရီလ အတွင်း၌ တစ်ရာသီအတွင်း ဆုဖလား လေးလုံးရယူနိုင်မည့်လမ်းကြောင်းပေါ်တွင် ရှိခွင့်ရနေခြင်းမှာ ကျေနပ်စရာကောင်း ကြောင်းဆိုခဲ့သည်။ ဂွါဒီယိုလာက ''ဖေဖော်ဝါရီလထဲမှာ ပြိုင်ပွဲလေးခုကစားနေရဆဲဖြစ်တာ ကျေနပ် စရာပါ။ အခုဆိုရင် အမြင့်မားဆုံးစင်မြင့် ဖြစ်တဲ့ ချန်ပီယံလိဂ်ကစားရတော့မှာဖြစ်လို့ မေလနဲ့ ဇွန်လရောက်ရင် ဘာတွေဖြစ်မလဲ ဆိုတာမြင်ကြရမှာပါ''ဟု ပြောခဲ့သည်။

KKW

#democracytoday

Rate this item
(0 votes)
back to top