HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

အသင်းအတွက် မကြာမီ အိုင်ကာဒီ ပြန်ကစားမည်ဟု မာတီနက်ဇ် ယုံကြည်

အသင်းအတွက် မကြာမီ အိုင်ကာဒီ ပြန်ကစားမည်ဟု မာတီနက်ဇ် ယုံကြည်

အင်တာတိုက်စစ်မှူးလော် တာရိုမာတီနက်ဇ်က အသင်းဖော် အိုင်ကာဒီမှာ မိမိတို့အတွက် အ ရေးပါသောကစားသမားတစ်ဦး ဖြစ်နေဆဲဖြစ်ပြီး မကြာမီ အသင်းအတွက် အိုင်ကာဒီပြန်ကစားမည်ဟု မျှော်လင့်ကြောင်းဆိုခဲ့သည်။ အင်တာသည် အိုင်ကာဒီထံမှ အသင်းခေါင်းဆောင်လက်ပတ်ကို ဂိုးသမားဟန်ဒါနိုဗစ်ထံ လွှဲ ပေးလိုက်ပြီးနောက် အိုင်ကာဒီ၏ အနာဂတ်မှာ အင်တာတွင်ဆက် ရှိရန် မရေမရာဖြစ်လာခဲ့ပြီး ရက်ပစ်ဝီယန်၊ ဆမ်ဒိုးရီးယားတို့နှင့်ပွဲ လူစာရင်းများတွင်လည်း ချန်လှပ် ခြင်းခံခဲ့ရသည်။

မာတီနက်ဇ်က ''အင်္ဂါနေ့က အိုင်ကာဒီရဲ့မွေးနေ့ဖြစ်လို့ ကျွန် တော်တို့ မွေးနေ့ဆုတောင်းပေးခဲ့ ကြပါသေးတယ်။ သူ့အနာဂတ်က သူရယ်၊ အသင်းတာဝန်ရှိသူတွေ ရယ်အပေါ်မှာ မူတည်နေတာဖြစ်ပြီး ကျွန်တော်တို့နဲ့မဆိုင်ပါဘူး။ ဒါပေမဲ့ သူဟာ ကျွန်တော်တို့အတွက် အရေးပါနေဆဲကစားသမား ဖြစ်လို့ မကြာခင် အသင်းမှာသူ ပြန်ပါလာမယ်လို့ ထင်ပါတယ်''ဟု ပြောကြားခဲ့သည်။

KKW

#democracytoday

Rate this item
(0 votes)
back to top