HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

အသင်းကို ချစ်မြတ်နိုးစိတ်ကြောင့် တစ်ကျော့ပြန်လာခဲ့ခြင်းဟု ဇီဒန်း ဆို၊ ဇီဒန်းကြောင့် အမ်ဘာပီနှင့် နေမာတို့ ရောက်လာရန် ဥက္ကဋ္ဌပီရက်ဇ် မျှော်လင့်

အသင်းကို ချစ်မြတ်နိုးစိတ်ကြောင့် တစ်ကျော့ပြန်လာခဲ့ခြင်းဟု ဇီဒန်း ဆို၊  ဇီဒန်းကြောင့် အမ်ဘာပီနှင့် နေမာတို့ ရောက်လာရန် ဥက္ကဋ္ဌပီရက်ဇ် မျှော်လင့်

ပြင်သစ်လူမျိုးနည်းပြဇီဒန်းက မိမိအနေ ဖြင့် ရီးရဲလ်နည်းပြအဖြစ် တစ်ကျော့ပြန်တာဝန် ယူရန်လက်ခံခဲ့ရာတွင် အသင်းအပေါ်ချစ်မြတ် နိုးစိတ်ကအဓိကကျကြောင်း ပြောကြားလိုက်သည်။ ဇီဒန်းသည် ချန်ပီယံလိဂ်တွင်သုံးနှစ်ဆက် တိုက်ဗိုလ်စွဲခြင်းအပါအဝင် ဆုဖလားအောင် မြင်မှုများစွာရယူပေးနိုင်ခဲ့ပြီးနောက် ယမန်နှစ် ရာသီအကုန်က ရာထူးမှနုတ်ထွက်သွားခဲ့ခြင်း ဖြစ်ပြီး ယခုအခါရလဒ်ဆိုးများကြောင့် ထုတ်ပယ်ခံရသော ဆိုလာရီနေရာတွင် သုံးနှစ်စာချုပ်ဖြင့် ရီးရဲလ်သို့ တစ်ကျော့ပြန် ရောက်ခဲ့ခြင်းဖြစ်သည်။

ရီးရဲလ်သည် ဆိုလာရီလက်ထက်တွင် လာလီဂါတွင် ရုန်းကန်နေရသလို ချန်ပီယံလိဂ်နှင့် စပိန်ဘုရင့် ဖလားပွဲများမှ ထွက်ခဲ့ရသည့်အပြင် ကစားသမားများနှင့်ပါ အဆင်မပြေဖြစ် လာခဲ့ပြီးနောက် ၎င်းကို ရာထူးမှထုတ်ပယ်ခဲ့ခြင်း ဖြစ်ပြီး ဇီဒန်းကိုပြန်လည် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။
ဇီဒန်းက ''ဒီနေ့ဟာ အားလုံးအတွက် ထူးခြားတဲ့ နေ့ဖြစ်ပြီး အသင်းကိုပြန် လာခွင့်ရလို့ ပျော်ရွှင်မိပါတယ်။ ဥက္ကဋ္ဌက ဖုန်းဆက်ခဲ့ ပြီးတဲ့နောက် အသင်း နဲ့သူ့အပေါ် ချစ်မြတ်နိုးတဲ့စိတ်ကြောင့် ဒီနေရာကို ပြန် ရောက်လာခဲ့တာပါ။ မနှစ်က ရာသီကုန်မှာ အပြောင်းအလဲတွေလုပ်ဖို့ လိုအပ်ခဲ့တာကြောင့် အသင်းက ကျွန်တော်ထွက်ခွာခဲ့တာပါ''ဟုဆိုခဲ့သည်။


တစ်ဆက်တည်းတွင် ဇီဒန်းက ဆိုလာရီလက်ထက် နည်းပြနှင့်ကစား သမားများအကြား သဘောကွဲ လွဲမှုများကို အလေးထားမည် မဟုတ်သည့်အပြင် လက်ရှိအချိန်၌ ကစားသမားသစ်ခေါ်ယူရေးကိစ္စများကိုလည်း အာရုံစိုက်မည်မဟုတ်ကြောင်း ပြောဆိုခဲ့သည်။ ဇီဒန်းက ''တခြားသူ တွေကြားမှာဖြစ်ခဲ့တဲ့ကိစ္စ တွေကို ကျွန်တော်အလေးထားနေမှာမဟုတ်ပါဘူး။ ကျွန်တော့်အနေနဲ့ အသင်းကို ပြန်လည်စုစည်းပြီး အကောင်းဆုံးဖြစ်အောင် ပြန်လုပ်ဖို့ပဲ ဆန္ဒရှိပါတယ်။ စီရော်နယ်ဒိုကိုဆုံးရှုံးခဲ့ရတာနဲ့ ကစားသမားသစ် ခေါ်ယူရေးကိစ္စတွေကိုလည်း ဆွေးနွေးနေရမယ့် အချိန်မဟုတ်ဘဲ လက်ကျန် ၁၁ ပွဲမှာရလဒ်ကောင်းရဖို့ပဲ အလေးထားကြရမှာပါ''ဟု ပြော ကြားခဲ့သည်။


ကစားသမားအပြောင်း အရွှေ့များနှင့်ပတ်သက်၍ ဇီဒန်းက ယခုကဲ့သို့ပြောဆိုခဲ့သော်လည်း ရီးရဲလ်ဥက္ကဋ္ဌပီရက်ဇ်ကမူ ဇီဒန်း ကြောင့် ပီအက်စ်ဂျီမှ အမ်ဘာပီနှင့် နေမာတို့ကို ခေါ်ယူနိုင်ရန်မျှော်လင့် ကြောင်းပြောဆိုခဲ့သည်။ ပီရက်ဇ်က ''ဇီဒန်းက ပြင်သစ် လူမျိုးဖြစ်လို့ သူ့အနေနဲ့ အမ်ဘာပီ နဲ့ပတ်သက်ပြီး တစ်ခုခုလုပ် ကောင်း လုပ်နိုင်ပါလိမ့်မယ်။ အမ်ဘာပီနဲ့ နေမာ နှစ်ယောက်ထဲက ဘယ်သူ့ကို အလိုရှိသလဲမေးလာခဲ့ရင်တော့ နှစ်ယောက်စလုံးလို့ပဲ ပြောရမှာပါ''ဟု ဆိုခဲ့သည်။

KKW

#democracytoday

Rate this item
(0 votes)
back to top