HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

မက်ဆီ၏ ချန်ပီယံလိဂ် ဟက်ထရစ် စံချိန်ကို စီရော်နယ်ဒို လိုက်မီ၊ မှော်ဆန်သော ညများအတွက် မိမိကို ဂျူဗီ ခေါ်ယူခဲ့ခြင်းဟု ၀င်ကြွား ပြောဆို

မက်ဆီ၏ ချန်ပီယံလိဂ် ဟက်ထရစ် စံချိန်ကို စီရော်နယ်ဒို လိုက်မီ၊ မှော်ဆန်သော ညများအတွက် မိမိကို ဂျူဗီ ခေါ်ယူခဲ့ခြင်းဟု ၀င်ကြွား ပြောဆို

ဂျူဗင်တပ်တိုက်စစ်မှူးစီရော်နယ်ဒိုသည် အက်သလက်တီကို ကို ၃-ဝဖြင့်အနိုင်ရခဲ့သော ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒု-အကျော့ပွဲတွင် တစ်ဦးတည်းဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီး နောက် ချန်ပီယံလိဂ်သမိုင်းတွင် ဟက်ထရစ် ဂိုးအများဆုံးသွင်းယူထားသည့် မက်ဆီ၏စံချိန်ကို လိုက်မီခဲ့သည်။ ဂျူဗင်တပ်သည် ပ-အ ကျော့အဖြစ် စပိန်မြေတွင် ကစားခဲ့စဉ်က ၂-ဝဖြင့်အရေးနိမ့်ခဲ့ခြင်းကြောင့် အိမ်ကွင်းတွင် သုံးဂိုးပြတ်အနိုင်ရရန်လိုအပ်ခဲ့ခြင်းဖြစ်ပြီး စီရော်နယ်ဒိုက ပွဲချိန် ၂၇၊ ၄၉နှင့် ၈၆ မိနစ်တို့တွင် ဂိုးများသွင်းယူ ပေးခဲ့သည့်အတွက် နှစ်ကျော့ ပေါင်းရလဒ် ၃-၂ ဖြင့် ကွာတားဖိုင်နယ်သို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။

မက်ဆီသည် စက်တင်ဘာလအတွင်း ပီအက်စ်ဗွီကို ၄-ဝ ဖြင့်အနိုင်ရခဲ့သောပွဲတွင် ဟက်ထရစ်သွင်းယူခဲ့ပြီးနောက် ချန်ပီယံလိဂ်သမိုင်းတွင် ဟက်ထရစ်ရှစ်ကြိမ်ဖြင့် အမြင့်ဆုံးစံချိန်ဖြစ်ခဲ့သော်လည်း အဆိုပါ စံချိန်ကို စီရော်နယ်ဒိုကလိုက်မီခဲ့ခြင်း ဖြစ်သည်။ စီရော်နယ်ဒိုအနေဖြင့် ယခု ဟက်ထရစ်ဂိုးအပါအဝင် ၎င်း၏ ကစားသမားဘဝတစ်လျှောက် ချန်ပီယံလိဂ်တွင် ပွဲ ၁၆ဝ ကစားခဲ့ရာ၌ ၁၂၄ ဂိုးသွင်းယူထားနိုင်ခဲ့ပြီး ဘာစီလိုနာ-လိုင်ယွန်ပွဲမတိုင်မီအထိ ၁ဝ၆ ဂိုးသွင်းယူထားသော မက်ဆီထက် ၁၈ ဂိုး အသာရနေသည်။ ယခုကဲ့သို့ အသင်းအတွက် အရေးပါသောဟက်ထရစ်ဂိုးကို သွင်းယူပေးနိုင်ခဲ့အပြီးတွင် ဂျူဗင်တပ်အနေဖြင့် ယခုကဲ့သို့မှော်ဆန် သောညများအတွက် မိမိကိုခေါ်ယူခဲ့ ခြင်းဖြစ်ကြောင်း ဝင့်ကြွားပြောခဲ့သည်။


စီရော်နယ်ဒိုက ''ဒီလိုမှော်ဆန်တဲ့ညတွေမှာ အသင်းကိုအကူအညီ ပေးနိုင်ဖို့အတွက် ဂျူဗီတပ်အသင်းက ကျွန်တော့်ကို ခေါ်ယူခဲ့တာပါ။ အက်သလက်တီကိုဟာ ရင်ဆိုင်ရခက်ခဲတဲ့အသင်းဖြစ်ပေမယ့် ကျွန် တော်တို့က ပိုတောင့်တင်းတဲ့အ ပြင် နောက်တစ်ဆင့်တက်ဖို့ထိုက်တန်တဲ့အသင်းဆိုတာ သက်သေ ပြနိုင်ခဲ့ပါတယ်။ လက်ရှိမှာ ဗိုလ်လုပွဲတက်ဖို့အကြောင်းပြောဖို့စောနေ သေးပြီး အဆင့်တစ်ဆင့်ချင်းတက်လှမ်းသွားရမှာပါ။ သွင်းဂိုးတွေကြောင့် ရော၊ အသင်းလိုက်ခြေစွမ်းကြောင့်ပါ ဒီညဟာ ထူးခြားတဲ့ညတစ်ည ဖြစ်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ကစားရင် ဒီလိုစိတ်ဓာတ်မျိုးလိုအပ်ပြီး အသင်းဟာ လမ်းကြောင်းမှန်ပေါ်မှာရှိနေပါတယ်''ဟု ပြောခဲ့သည်။


စီရော်နယ်ဒိုသည် ဆီမြွန်နီ၏ အက်သလက်တီကိုအသင်းကို ချန်ပီယံလိဂ်ရှုံးထွက်အဆင့်မှ ဖြုတ်ချ နိုင်ခဲ့သောအသင်းများတွင် ပါဝင်ခဲ့ပြီး ၂ဝ၁၄၊ ၂ဝ၁၅၊ ၂ဝ၁၆၊ ၂ဝ၁၇ နှင့် ၂ဝ၁၉ တို့တွင် အက်သလက်တီကိုကိုအနိုင်ရခဲ့သော ရီးရဲလ်နှင့်ဂျူဗင်တပ်အသင်းများတွင် ကစားခဲ့ ခြင်းဖြစ်သည်။ 

KKW

#democracytoday

Rate this item
(0 votes)
back to top