HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

အိုင်ယာလန် အကောင်းဆုံး လူငယ်ကစားသမားဆုကို ဒီကလန်ကရိုက်စ် ရရှိ

အိုင်ယာလန် အကောင်းဆုံး လူငယ်ကစားသမားဆုကို ဒီကလန်ကရိုက်စ် ရရှိ

ဝက်စ်ဟမ်း ကွင်းလယ်လူ ဒီကလန်ရိုက်စ်သည် လက်ရွေးစင်အဆင့်တွင် အိုင်ယာလန်မှ အင်္ဂလန်သို့ပြောင်းလဲကစားရန် ဆုံးဖြတ်ခဲ့နောက် ဖီဖာ၏ တရားဝင်ခွင့်ပြုချက်ရခဲ့ပြီး တစ်ပတ်အကြာတွင် အိုင်ယာလန်၏ အကောင်းဆုံးလူငယ်ကစားသမားဆုကို ရရှိခဲ့သည်။

လန်ဒန်တွင် မွေးဖွားခဲ့သော်လည်း အိုင်ယာလန်အဘိုးအဘွားများကြောင့် လူငယ်အဆင့်တွင် အိုင်ယာလန်အတွက်ကစားခဲ့သောဒီကလန်ရိုက်စ်မှာ လတ်တလောအတွင်း အင်္ဂလန်ကိုယ်စားပြုကစားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။


အိုင်ယာလန်ဘောလုံးကလောင်ရှင်များက မဲပေးရွေးချယ်သော အကောင်းဆုံးလူငယ်ကစားသမားဆုကို ဒီကလန်ရိုက်စ်ကရရှိခဲ့ပြီး မတ်လ ၁၇ ရက်တွင်ကျင်းပမည့် အိုင်ယာလန်ဘောလုံးအဖွဲ့ချုပ်၏ ဆုပေးပွဲအခမ်းအနားသို့တက်ရောက်မည်ဖြစ်ကြောင်း အဖွဲ့ချုပ်က ထုတ်ပြန်ခဲ့သည်။

KKW

#democracytoday

Rate this item
(0 votes)
back to top