HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

အကောင်းဆုံး ခြေစွမ်း မဟုတ်သေးဟု မန်စီးတီးနည်းပြ ဂွာဒီယိုလာ ကြွေးကြော်

အကောင်းဆုံး ခြေစွမ်း မဟုတ်သေးဟု မန်စီးတီးနည်းပြ ဂွာဒီယိုလာ ကြွေးကြော်

မန်စီးတီးနည်းပြဂွါဒီယိုလာက ရှော်ကေးကို ခုနစ်ဂိုးပြတ်အနိုင်ရခဲ့ သော်လည်း ယင်းမှာ မိမိတို့၏ အ ကောင်းဆုံးခြေစွမ်းမဟုတ်သေးဘဲ အသင်း၏ သမိုင်း၌ ဒုတိယအကြိမ် ဆီမီးဖိုင်နယ်သို့တက်ရောက်နိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ မန်စီးတီးသည် ရှော်ကေးကို အဝေးကွင်းမှာကတည်းက ၂-၃ ဖြင့် အနိုင်ရထားခြင်း ဖြစ်ပြီး အိမ်ကွင်းတွင် ၇-ဝဖြင့်ထပ်မံအနိုင်ရခဲ့သည့်အတွက် နှစ်ကျော့ပေါင်းရလဒ် ၁ဝ-၂ဖြင့် ကွာတားဖိုင်နယ်သို့တက်နိုင်ခဲ့ခြင်းဖြစ်ပြီး ၂ဝ၁၉ ခုနှစ်အတွင်း ပြိုင်ပွဲအရပ်ရပ်တွင် မန်စီးတီးသွင်းယူခဲ့သောဂိုးမှာ ၆၁ ဂိုးအထိ ရှိလာခဲ့သည်။

ဂွါဒီယိုလာက ''ချန်ပီယံလိဂ်မှာ ကျွန်တော်တို့အသင်းက ဆယ်ကျော်သက်အဆင့်ပဲရှိတယ်လို့ ကျွန်တော်ပြောခဲ့ပေမယ့် ဒါဟာ ကျွန်တော်တို့တိုက်ပွဲမဝင်ဘူးဆိုတဲ့ အဓိပ္ပာယ်မဟုတ်ပါဘူး။ ဆယ် ကျော်သက်တွေဟာ စိတ်ရှည်ပြီး ဆန္ဒပြင်းပြသလို အကြောက်အလန့်လည်း မရှိကြပါဘူး။ ဒီလိုပဲ ကျွန်တော်တို့အသင်းဟာလည်း အသင်းရဲ့သမိုင်းမှာ ဒုတိယအကြိမ်အဖြစ် ဆီမီးဖိုင်နယ်ကို တက်နိုင်ဖို့ ကြိုးစားသွားဦးမှာပါ။ ကွာတားအဆင့်ကို သုံးကြိမ် မြောက်တက်နိုင်ခဲ့လို့ ကျေနပ်မိပါတယ်''ဟု ပြောခဲ့သည်။ 

KKW

#democracytoday

Rate this item
(0 votes)
back to top