HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

မြန်မာ ကြက်တောင် အားကစားမယ် သက်ထားသူဇာ ကမ္ဘာ့အဆင့် နှစ်ဆင့် ထပ်မံမြင့်တက်

မြန်မာ ကြက်တောင် အားကစားမယ် သက်ထားသူဇာ ကမ္ဘာ့အဆင့် နှစ်ဆင့် ထပ်မံမြင့်တက်

ရန်ကုန်၊ မတ်၁၃

၂ဝ၁၉ခုနှစ် အတွင်း နိုင်ငံတကာကြက်တောင် ရိုက်ပြိုင်ပွဲများတွင် ချန်ပီယံဆုများ ဆွတ်ခူးနိုင်ခဲ့သော မြန်မာအားကစားမယ် သက်ထားသူဇာ ကမ္ဘာ့အဆင့်နှစ်ဆင့် ထပ်မံမြင့်တက်လာခဲ့သည်။ ၂ဝ၁၉ခုနှစ် မတ် ၁၂ရက်၌ ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်၏ နောက် ဆုံးထုတ်ပြန်ခဲ့သော ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် မြန်မာ့လက်ရွေး စင် ကြက်တောင်အားကစားမယ် သက်ထားသူဇာ၏ အဆင့်အတန်း မှာ ယခင်လတွေထက်ပိုမိုမြင့်တက် လာခဲ့ပြီး ကမ္ဘာ့အဆင့် ၁၃၄သို့ရောက် ရှိလျက်ရှိသည်။

ပြီးခဲ့သည့် ၂ဝ၁၈ခုနှစ်အတွင်း ကျင်းပခဲ့သည့် နိုင်ငံတကာ ကြက် တောင်ပြိုင်ပွဲများအပြီးတွင် မြန်မာ ကြက်တောင်အားကစားမယ် သက်ထားသူဇာမှာ ကမ္ဘာ့အဆင့် ၁၈၁ တွင်ရပ်တည်နေခဲ့ပြီး ၂ဝ၁၉ခုနှစ် ဖေဖော်ဝါရီလတွင် ယူဂန္ဓာ နိုင်ငံတကာ စီးရီးကြက်တောင်ပြိုင်ပွဲ၌ တစ်ဦးချင်းချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သဖြင့် ကမ္ဘာ့အဆင့် ၁၅ဝ သို့ တက်ရောက်ခဲ့သည်။


ထို့နောက် မတ်လအတွင်း ကညာနိုင်ငံနိုင်ရိုဘီမြို့တွင်ကျင်းပ ခဲ့သည့် Kenya International Fu- tures Series 2019 ကြက်တောင် ပြိုင်ပွဲတွင် တစ်ဦးချင်းချန်ပီယံဆုကို ထပ်မံဆွတ်ခူးခဲ့သဖြင့် ကမ္ဘာ့အဆင့် ၁၃၆သို့တက်ရောက်နိုင်ခဲ့ပြီး ယခု နောက်ဆုံးထုတ်ပြန်ချက်တွင် ကမ္ဘာ့ အဆင့်၁၃၄သို့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။


ကမ္ဘာ့အဆင့် နှစ်ဆင့်ထိမြင့် တက်လာသော မြန်မာကြက်တောင် အားကစားမယ် သက်ထားသူဇာမှာ အာရှအဆင့် ၈၂ နှင့် အာဆီယံအဆင့် ၂၇ တို့တွင် ရပ်တည်နေလျက်ရှိပြီး လက်ရှိတွင် ၂ဝ၂ဝ တိုကျိုနွေရာသီ အိုလံပစ်လက်ရည်စစ်ပြိုင်ပွဲအား အဓိကပစ်မှတ်ထား ပြင်ဆင်နေ လျက်ရှိကြောင်း သိရသည်။

LLH

#democracytoday

Rate this item
(0 votes)
back to top