HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

ဟာဇက်အား ဇီဒန်း ခေါ်ယူသွားမည်ကို နည်းပြ ဆာရီ စိုးရိမ်မှု မရှိ

ဟာဇက်အား ဇီဒန်း ခေါ်ယူသွားမည်ကို နည်းပြ ဆာရီ စိုးရိမ်မှု မရှိ

ချဲလ်ဆီးနည်းပြဆာရီက ရီးရဲလ်နည်းပြအဖြစ် ဇီဒန်းပြန်လည် ရောက်ရှိလာပြီးနောက် ဟာဇက်၏အပြောင်းအရွှေ့သတင်းများထွက် ပေါ်လာသော်လည်း ဇီဒန်းကြောင့် ဟာဇက်ကို ဆုံးရှုံးရမည်ကို စိုးရိမ်ပူပန်ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။ ဟာဇက်သည် ချဲလ်ဆီးနှင့် ၂ဝ၂ဝ အထိ စာချုပ်သက်တမ်းရှိ ထားသူဖြစ်သော်လည်း ရီးရဲလ်နည်းပြအဖြစ် ဇီဒန်းပြန်ရောက်လာ ပြီးနောက် ရီးရဲလ်နှင့်သတင်းများထွက်ပေါ်လာခြင်းဖြစ်ပြီး ဇီဒန်းနှင့် လက်တွဲရန်ဆန္ဒရှိကြောင်းလည်း ဟာဇက်က ပြောဆိုခဲ့ဖူးသည်။

ဆာရီက ''ဟာဇက်ရဲ့ အပြောင်းအရွှေ့အကြောင်းဆိုရင် သူ့ကိုပဲ မေးသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။ လက်ရှိအချိန်မှာတော့ ဇီဒန်း နဲ့ပတ်သက်ပြီး ဟာဇက်နဲ့ကျွန်တော် စကားမပြောဖြစ်သေးပါဘူး။ ချဲလ်ဆီးအတွက် ကစားချင်တဲ့ကစားသမားတွေကိုပဲ ကျွန်တော့်အသင်းမှာ ထားရှိမှာဖြစ်လို့ ဟာဇက်နဲ့ပတ်သက်လို့လည်း ကျွန်တော်စိုးရိမ်မှုမရှိပါဘူး''ဟု ပြောကြားခဲ့သည်။

KKW

#democracytoday

Rate this item
(0 votes)
back to top