HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

ယူအီးအက်အေကို ဝေဖန်ခဲ့ခြင်းကြောင့် နေမာ ပွဲပယ်ခံရဖွယ်ရှိ

ယူအီးအက်အေကို ဝေဖန်ခဲ့ခြင်းကြောင့် နေမာ ပွဲပယ်ခံရဖွယ်ရှိ

ပီအက်စ်ဂျီတိုက်စစ်မှူး နေမာသည် မန်ယူနှင့်ချန်ပီယံလိဂ်ပွဲ အပြီးတွင် လူမှုမီဒီယာ၌ ယူအီးအက်ဖ်အေတာဝန်ရှိသူများကို ဝေဖန်တိုက်ခိုက်ခဲ့ခြင်းကြောင့် ပွဲပယ် ပြစ်ဒဏ်ချမှတ်ခံရဖွယ်ရှိနေကြောင်း သိရသည်။ အဆိုပါပွဲတွင် ဧရိယာအတွင်း ဘောလုံးကိုလက်ဖြင့်ထိခဲ့ သော ပီအက်စ်ဂျီနောက်ခံလူကင် ပမ်ဘီကြောင့် မန်ယူက နောက်ကျ အနိုင်ဂိုးရခဲ့ခြင်းဖြစ်ပြီး ပင်နယ်တီမပေးမီ VAR ဖြင့်ပြန်ကြည့်ခဲ့ရာ VAR ဒိုင်များကို နေမာက ဝေဖန် ခဲ့ခြင်းဖြစ်သည်။

အင်စတာဂရမ်တွင် နေမာက ''ဒါဟာ ရှက်စရာကောင်းပါတယ်။ ဘောလုံးအကြောင်းဘာမှမသိတဲ့ လူလေးယောက်ကို VAR ပြန်ကြည့်ဖို့ သူတို့တာဝန်ပေးခဲ့တာပါ။ နောက် ကျောကိုထိတဲ့ဘောလုံးက ဘယ်လိုလုပ်လက်ထိဘောဖြစ်မှာလဲ။ သွား သေလိုက်ကြတော့''ဟု ရေးသားခဲ့ ခြင်းဖြစ်ပြီး ယင်းအတွက် ယူအီးအက်ဖ်အေက စုံစမ်းစစ်ဆေးနေရာ နေမာအနေဖြင့် ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရဖွယ်ရှိနေသည်။

KKW

#democracytoday

Rate this item
(0 votes)
back to top