HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

ချန်ပီယံလိဂ်က အင်္ဂလန်အပေါ် သက်ရောက်မှု ရှိမည်ကို ဆောက်ဂိတ် ပူပန်နေ၊ နိုင်ငံပြောင်းခဲ့ခြင်းထက် ခြေစွမ်းကြောင့် ဒီကလန်ရိုက်စ်ကို ရွေးချယ်ခဲ့ခြင်းဟုဆို

ချန်ပီယံလိဂ်က အင်္ဂလန်အပေါ် သက်ရောက်မှု ရှိမည်ကို ဆောက်ဂိတ် ပူပန်နေ၊ နိုင်ငံပြောင်းခဲ့ခြင်းထက် ခြေစွမ်းကြောင့် ဒီကလန်ရိုက်စ်ကို ရွေးချယ်ခဲ့ခြင်းဟုဆို

အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်က ယခုနှစ်ချန်ပီယံ လိဂ်ဗိုလ်လုပွဲတွင် အင်္ဂလိပ်ကလပ် အသင်းနှစ်သင်းဗိုလ်လုရမည်ဆိုပါက နေးရှင်းလိဂ်အတွက် ပြင် ဆင်နေသော မိမိအသင်းအပေါ် သက်ရောက်မှုများရှိလာမည်ကို စိုးရိမ်နေမိကြောင်း ပြောကြားခဲ့သည်။ အင်္ဂလန်အသင်းသည် ဇွန် ၆ ရက်တွင် ပေါ် တူဂီနိုင်ငံ၌ကျင်းပမည့် နေးရှင်းလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်ကို နယ်သာလန်နှင့် ရင်ဆိုင်ကစားရမည်ဖြစ်ပြီး ယင်းမှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီး ငါးရက်အကြာတွင်ဖြစ်ရာ ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် အင်္ဂလိပ်အသင်းများ ထိပ်တိုက်တွေ့မည်ကို ဆောက်ဂိတ် က စိုးရိမ်နေခြင်းဖြစ်သည်။

ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပွဲများအပြီးတွင် ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးအကြိမ်အဖြစ် အင်္ဂလိပ်ကလပ်အသင်းလေးသင်း စလုံး ကွာတားဖိုင်နယ်သို့ တက် ရောက်နိုင်ခဲ့ပြီး ယူရို ၂ဝ၂ဝ ခြေစစ် ပွဲများအတွက် ဆောက်ဂိတ်ရွေး ချယ်ထားသော အင်္ဂလန်လူစာရင်း တွင် ချန်ပီယံလိဂ်ကစားနေသော အသင်းလေးသင်းမှ ကစားသမား ၁၃ဦးအထိ ပါဝင်နေသည်။ အင်္ဂလန်အသင်းသည် ၁၉၆၆ ခုနှစ်နောက်ပိုင်း ဆုဖလားအောင် မြင်မှုရယူနိုင်ခဲ့ခြင်းမရှိရာ ဆောက်ဂိတ်အနေဖြင့် နေးရှင်းလိဂ်တွင် ဗိုလ် စွဲရန် ရည်မှန်းချက် ထားရှိနေချိန် တွင် ချန်ပီယံ လိဂ် ဗိုလ်လုပွဲ သို့ အင်္ဂ လိပ်အ သင်းများ တက်ရောက် မည်ကို ဆောက်ဂိတ် ကစိုးရိမ်နေ ခြင်းဖြစ်သည်။


ဆောက်ဂိတ်က ''ချန်ပီယံလိဂ်က ကျွန် တော့်အသင်းအတွက် အ နှောင့်အယှက် ဖြစ်လာနိုင်ပါတယ်။ တကယ်လို့သာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို အင်္ဂလိပ်ကလပ် အသင်းနှစ်သင်းတက်ခဲ့ရင် ဒီနှစ်သင်းကကစားသမားတွေကို တနင်္လာ နေ့မှာ လေ့ကျင့်ခန်းဆင်းစေဖို့ မလွယ်ပါဘူး။ ချန်ပီယံလိဂ်ဗိုလ်လုပွဲလို စိတ်လှုပ်ရှားစရာအပြည့်နဲ့ပွဲမျိုးကို ကစားထားရတဲ့ကစားသမား တွေက ကြာသပတေးနေ့မှာကစားရမယ့် အင်္ဂလန်အသင်းရဲ့ပွဲအတွက် တကယ်ရောကစားနိုင်ကြပါ့မလားဆိုတာတွေးစရာပါ''ဟု ပြောခဲ့သည်။ တစ်ဆက်တည်းတွင် နည်းပြ ဆောက်ဂိတ်က မိမိအနေဖြင့်ချက်၊ မွန်တီနီဂရိုးတို့နှင့်ကစားရမည့် ယူရို ၂ဝ၂ဝ ခြေစစ်ပွဲများအတွက် လူစာရင်းတွင် ဝက်စ်ဟမ်းကွင်းလယ်လူ ဒီကလန်ရိုက်စ်ကို ရွေးချယ်ခဲ့ခြင်းမှာ နိုင်ငံအသင်းပြောင်းလဲခဲ့ခြင်းထက် ၎င်း၏ခြေစွမ်းကိုနှစ်သက်ခြင်း ကြောင့်သာဖြစ်ကြောင်း ပြောသည်။


ဒီကလန်ရိုက်စ်သည် အိုင်ယာလန်လူငယ်အသင်းများအတွက် ကစားခဲ့ဖူးသလို အသင်းကြီးအတွက် ခြေစမ်းပွဲသုံးပွဲကစားခဲ့သော်လည်း အင်္ဂလန်ကိုယ်စားပြုကစားရန် ဆုံး ဖြတ်ခဲ့ခြင်းဖြစ်ပြီး ယင်းကိစ္စထက် ခြေစွမ်းကြောင့်သာ ၎င်းကိုရွေးချယ် ခဲ့ခြင်းဟု ဆောက်ဂိတ်ကဆိုခဲ့ သည်။ 

KKW

#democracytoday

Rate this item
(0 votes)
back to top