HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

၂ဝ၁၅ က လူမှုမီဒီယာမှ မှတ်ချက်အတွက် ဒီကလန်ရိုက်စ် ပြန်တောင်းပန်

၂ဝ၁၅ က လူမှုမီဒီယာမှ မှတ်ချက်အတွက် ဒီကလန်ရိုက်စ် ပြန်တောင်းပန်

ဝက်စ်ဟမ်းကွင်းလယ်လူ ဒီကလန်ရိုက်စ်က ၂ဝ၁၅ ခုနှစ်က လူမှုမီဒီယာတွင် အိုင်ယာလန်သမ္မတနိုင်ငံတပ်မတော် IRA ကို ထောက်ခံသည့်ပို့စ်တင်ခဲ့မိခြင်းအတွက် ပြန်လည်တောင်းပန်လိုကြောင်း ပြောကြားခဲ့သည်။ ရိုက်စ်သည် အိုင်ယာလန်လူငယ်အသင်းများတွင် ကစားခဲ့သည့်အပြင် အသင်းကြီးနှင့်လည်း ခြေစမ်းပွဲသုံးပွဲအထိကစားခဲ့သော်လည်း လတ်တလောအတွင်း အင်္ဂလန်အ သင်းအတွက် ပြောင်းလဲကစားရန် ဆုံးဖြတ်ခဲ့သူဖြစ်သည်။

၎င်းသည် ၂ဝ၁၅ ခုနှစ်က ဗြိတိန်မှ မြောက်အိုင်ယာလန် ခွဲထွက်ရေးအတွက်လှုပ်ရှားနေသော IRA ကို ထောက်ခံသည့်ပို့စ်မှာ လတ်တလောအတွင်း ပြန်တက်လာသည့်အတွက် ရိုက်စ်က တောင်းပန်စကားဆိုခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က မိမိ၏မှတ်ချက်မှာ နိုင်ငံရေးအမြင်မဟုတ်သလို လက်ရှိမိမိကိုလည်း ကိုယ်စားမပြုကြောင်း ဆိုခဲ့သည်။ 

KKW

#democracytoday

Rate this item
(0 votes)
back to top