HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

ဟာဇက်မှာ ပေါင်သန်း ၁ဝဝ မက ထိုက်တန်ကြောင်း ဆာရီပြောဆို  

ဟာဇက်မှာ ပေါင်သန်း ၁ဝဝ မက ထိုက်တန်ကြောင်း  ဆာရီပြောဆို   

ချဲလ်ဆီးနည်းပြဆာရီက ကွင်းလယ်လူဟာဇက်မှာ ပြောင်းရွှေ့ကြေး ပေါင်သန်း ၁ဝဝ မက ထိုက်တန်သောကစားသမားတစ်ဦးဖြစ်ပြီး အသင်းက ¤င်းကိုရောင်းချလိုခြင်းမရှိသော်လည်း ဟာဇက်က အသင်းပြောင်းရန် ဆန္ဒပြင်း ပြနေပါက လက်ခံရမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ဟာဇက်သည် ဝက်စ်ဟမ်းကို ၂-ဝဖြင့်အနိုင်ရခဲ့သောပွဲတွင် အနိုင်ဂိုး နှစ်ဂိုးစလုံးကို သွင်းယူပေးခဲ့သူဖြစ်ပြီး ရီးရဲလ်သို့ ပေါင်သန်း ၁ဝဝဖြင့် ပြောင်း ရွှေ့မည်ဟူသောသတင်းများအတွက် ဟာဇက်မှာ ယင်းပမာဏထက်မကထိုက်တန်ကြောင်း ဆာရီကဆိုခဲ့သည်။ ဆာရီက ''ပေါင်သန်း ၁ဝဝ ဆိုတာ သိပ်ဈေးပေါလွန်းပါတယ်။ ဈေးကွက် ပေါက်ဈေးတွေ ဘယ်လိုရှိသလဲဆိုတာ ကျွန်တော်တို့အားလုံး တွေ့ခဲ့ကြပြီးပါပြီ။ ဟာဇက်ရဲ့နေရာမှာ တခြားတစ်ယောက်နဲ့ အစားထိုးဖို့ဆိုတာ အရမ်းခက်ခဲမယ်လို့ ကျွန်တော်ထင်ပါတယ်။ အသင်းက သူ့ကိုမရောင်းချင်ဘူးလို့ ကျွန်တော် ယုံကြည်ထားပေမယ့် ဟာဇက်ကိုယ်တိုင်က အသင်းပြောင်းချင်နေတယ်ဆိုရင် တော့ သူ့ရဲ့ဆုံးဖြတ်ချက်ကို လေးစားရမှာပါ''ဟု ပြောကြားခဲ့သည်။ 

KKW

#democracytoday

Rate this item
(0 votes)
back to top