HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

လူမျိုးရေး ခွဲခြားမှုကို ခံစားခဲ့ဖူးကြောင်း ဆွန်ဟောင်မင် ဖွင့်ဟ

လူမျိုးရေး ခွဲခြားမှုကို ခံစားခဲ့ဖူးကြောင်း ဆွန်ဟောင်မင် ဖွင့်ဟ

စပါးကွင်းလယ်လူ ဆွန်ဟောင်မင်က အင်္ဂလန်သို့ရောက်ရှိ စဉ်ကတည်းက လူမျိုးရေးခွဲခြားမှုကို ခံစားခဲ့ဖူးပြီး မည်သည့်တုံ့ပြန်မှုမျှ မပြုလုပ်ခြင်းမှာ လူမျိုးရေးခွဲခြားမှုများအတွက် အကောင်းဆုံး လုပ်ဆောင်ခြင်းပင်ဖြစ် ကြောင်း ပြောဆိုခဲ့သည်။ တောင်ကိုရီးယားလက်ရွေးစင် ဆွန်ဟောင် မင်သည် ၂ဝ၁၅ တွင် လေဗာကူဆင်မှ စပါးသို့ ရောက်လာခဲ့သူဖြစ်ပြီး ကလပ်အသင်းဖော် ဒန်နီ ရို့စ်နည်းတူ မိမိသည်လည်း လူမျိုးရေးခွဲခြားမှုကို ခံစားခဲ့ဖူးသည်ဟုဆိုခဲ့သည်။

ဆွန်ဟောင်မင်က ''အင်္ဂလန်ကို ရောက်ကတည်းက ကျွန်တော်လည်း ဒီလိုလူမျိုးရေးခွဲခြားမှု တွေခံခဲ့ရဖူးပြီး သူတို့ကို ဘာမှပြန်အဖက်မလုပ်တာက အကောင်းဆုံးပါပဲ။ ကျွန် တော်တို့အားလုံးဟာ အားကစား တစ်ခုတည်းကိုကစားနေကြတဲ့ ဘောလုံးသမားတွေဖြစ်သလို လူသားတွေပဲဖြစ်လို့ ဘယ်နိုင်ငံကလာတယ်ဆိုတာ အရေးမကြီးပါဘူး''ဟုပြောကြားခဲသည်။

KKW

#democracytoday

Rate this item
(0 votes)
back to top