HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

ရာသီကုန်အထိ ဟယ်ရီကိန်း အနားယူရမည်ကို နည်းပြပိုချက်တီနို စိုးရိမ်၊ အဂူရို၏ ပင်နယ်တီကာကွယ်ခဲ့သော လိုရစ်ကို ကွင်းလယ်လူ ဆစ်ဆိုကို ချီးကျုး

ရာသီကုန်အထိ ဟယ်ရီကိန်း အနားယူရမည်ကို နည်းပြပိုချက်တီနို စိုးရိမ်၊ အဂူရို၏ ပင်နယ်တီကာကွယ်ခဲ့သော လိုရစ်ကို ကွင်းလယ်လူ ဆစ်ဆိုကို ချီးကျုး

စပါးတိုက်စစ်မှူးဟယ်ရီကိန်းသည် မန်စီးတီးနှင့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ဒဏ်ရာကြောင့် လူစားလဲ ခြင်းခံခဲ့ရရာ ကစားသမားအနေ ဖြင့် ရာသီကုန်အထိ အနားယူရမည်ကို မိမိစိုးရိမ်နေမိကြောင်း နည်းပြပိုချက်တီနိုက ဝန်ခံပြောဆိုခဲ့သည်။ ဆွန်ဟောင်မင်၏ဂိုးဖြင့် စပါးက ၁-ဝဖြင့် အနိုင်ရခဲ့သော ချန်ပီယံကွာတားဖိုင်နယ် ပ-အ ကျော့ပွဲစဉ်တွင် ဟယ်ရီကိန်းမှာ မန်စီးတီးမှ ဖာဘီယန်ဒဲလ်၏ဖျက်ထုတ်မှုကြောင့် ဘယ်ဘက်ခြေ ချင်းဝတ်တွင် ထိခိုက်မှုဖြစ်ခဲ့ပြီး မော်ရာနှင့် လူစားလဲခြင်းခံခဲ့ရသည်။

ဟယ်ရီကိန်းသည် ၂ဝ၁၉ ခုနှစ်အစောပိုင်းက အလားတူဒဏ် ရာအခြေအနေကြောင့် အချိန်တစ် လခန့်အနားယူခဲ့ရဖူးရာ ယခုထပ်မံရရှိသောဒဏ်ရာကြောင့် လက်ကျန်ပွဲအားလုံးကို ဟယ်ရီကိန်းလွဲ ချော်ရမည်ကို ပိုချက်တီနိုက စိုးရိမ်နေခြင်းဖြစ်သည်။ ပိုချက်တီနိုက ''ဖြစ်ပျက်ခဲ့သမျှကို ပြန်ကြည့်မယ်ဆိုရင် သူ့ရဲ့ ခြေချင်းဝတ်လည်သွားတာဖြစ်နိုင် ပြီး အရွတ်ကိုထပ်ပြီးထိခိုက်မိတာ ဖြစ်နိုင်ပါတယ်။ အခြေအနေအသေးစိတ်ကို နောက်ရက်အနည်းငယ်ကြာမှာ ထပ်ပြီးစစ်ဆေးကြည့်ရပါမယ်။ သူ့ကြည့်ရတာ အတော်လေးနာကျင် ခဲ့ပုံရပါတယ်။ ဒဏ်ရာမပြင်းထန်ဘဲ အမြန်ဆုံးပြန်ကစားနိုင်ဖို့ မျှော်လင့် မိပေမယ့် ကြည့်ရတာအခြေအနေ မကောင်းပါဘူး။ ရာ သီကုန်အထိ သူ နားရနိုင်တာကို စိုးရိမ်နေမိပါတယ်''ဟု ပြောခဲ့သည်။

 

ထို့အပြင် ပိုချက်တီနိုက ဟယ်ရီကိန်းအပေါ် ဖာဘီယန်ဒဲလ်၏ဖျက်ထုတ်မှုမှာ ပြင်းထန်လွန်းသည့်အတွက် ယခုပြစ်ဒဏ်မျိုးမှာ VAR ပြန်ကြည့်ခဲ့ပါက အနီကတ်ပြခံရ နိုင်သည်ကို ဒဲလ်အား မိမိပြောဆို ခဲ့ခြင်းဖြစ်ကြောင်း၊ ကစားသမားနှစ်ဦးစလုံးမှာ ဘောလုံးယှဉ်လုခဲ့ ကြခြင်းသာဖြစ်ပြီး တစ်ဦးကိုတစ်ဦး နာကျင်စေလိုစိတ်မရှိခဲ့သည်ကို မိမိနားလည်ကြောင်း ဆက်လက် ပြောကြားခဲ့သည်။


အခြားတစ်ဖက်တွင် စပါးကွင်းလယ်လူ ဆစ်ဆိုကိုက မန်စီးတီးကို အနိုင်ရခဲ့ရာတွင် အဂူရို၏ပင်နယ်တီကို ကာကွယ်နိုင်ခဲ့သော ဂိုးသမားလိုရစ်၏အား ထုတ်မှုကလည်း များစွာအရေးပါခဲ့ ကြောင်း ချီးကျူးပြောကြားခဲ့သည်။ ဆစ်ဆိုကိုက ''လိုရစ်ဟာ မယုံနိုင်စရာကောင်းတဲ့ဂိုးသမားတစ်ဦးဖြစ်တယ်ဆိုတာကို သီတင်းပတ်တိုင်းမှာ သက်သေပြနေသူပါ။ ဒီလိုဂိုးသမားမျိုး ကျွန်တော်တို့အသင်းမှာရှိနေတာ ကံကောင်းတယ် လို့ဆိုရမှာဖြစ်ပြီး သူ့အနေနဲ့ အခု လက်စွမ်းကို ရာသီကုန်အထိဆက် ထိန်းနိုင်မယ်လို့ မျှော်လင့်ပါတယ်''ဟု ပြောကြားခဲ့သည်။ 

KKW

#democracytoday

Rate this item
(0 votes)
back to top