HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

အာဆင်နယ်နှင့် ပွဲတွင် အင်ဆစ်ဂနီနှင့် မာတန်စ်တို့ကို အတူ ပွဲထွက်ဖွယ်ရှိ

အာဆင်နယ်နှင့် ပွဲတွင် အင်ဆစ်ဂနီနှင့် မာတန်စ်တို့ကို အတူ ပွဲထွက်ဖွယ်ရှိ

နာပိုလီနည်းပြအန်စလော့တီသည် အာဆင်နယ်နှင့်ကစားရမည့် ယူရိုပါလိဂ်ကွာတားဖိုင်နယ် ပ-အကျော့ပွဲစဉ်တွင် တိုက်စစ်၌ နည်းဗျူဟာအပြောင်းအလဲပြုလုပ်ပြီး အင်ဆစ်ဂနီနှင့် မာတန်စ်တို့ကို တွဲဖက်အသုံးပြုဖွယ်ရှိနေကြောင်းသိရသည်။ အန်စလော့တီသည် ယခုနှစ် ယူရိုပါလိဂ်ပွဲစဉ်များတွင် ဗဟိုခံစစ်ကစားသမားသုံးဦးထားရှိသည့် နည်းဗျူဟာကို အသုံးပြုလေ့ရှိ သော်လည်း အာဆင်နယ်နှင့်ပွဲတွင် ၄-၄-၂ ဗျူဟာဖြင့် ပွဲထွက်လာဖွယ်ရှိနေပြီး တိုက်စစ်တွင် ဒဏ်ရာမှပြန်လည်သက်သာလာသော အင်ဆစ်ဂနီနှင့် မာတန်စ်တို့ကို တွဲဖက်အသုံးပြုဖွယ်ရှိနေကြောင်း Sky Sport Italia က ခန့်မှန်းဖော်ပြခဲ့သည်။

နာပိုလီအနေဖြင့် ဂိုးသမားအဖြစ် မာရက်၊ ခံစစ်တွင် ဟိုင်ဆက်၊ မက်ဆီမိုဗစ်၊ ကူလီဘာလီနှင့် မာရီယိုရူအီ၊ ကွင်းလယ်တွင် ကယ်လီဂျွန်၊ ဖာဘီယန်ရုဇ်၊ အယ်လန်နှင့် ဇီလင်စကီး၊ တိုက်စစ်တွင် အင်ဆစ်ဂနီနှင့် မာတန်စ်တို့ကို အသုံးပြုဖွယ်ရှိနေကြောင်း အဆိုပါသတင်းက ဖော်ပြခဲ့သည်။ 

KKW

#democracytoday

Rate this item
(0 votes)
back to top