HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

ချန်ပီယံလိဂ် ဝင်ခွင့်မရပါက မန်ယူ၏ လစာပေးချေမှု လျော့ကျနိုင်

ချန်ပီယံလိဂ် ဝင်ခွင့်မရပါက မန်ယူ၏ လစာပေးချေမှု လျော့ကျနိုင်

မန်ယူအသင်းသည် ကစားသမားများနှင့် ချုပ်ဆိုထားသော စာချုပ်များတွင် ချန်ပီယံလိဂ်ဝင်ခွင့် အပေါ်မူတည်၍ ချုပ်ဆိုထားခြင်း ဖြစ်ရာ ယခုရာသီကုန်တွင် ချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့ပါက မန်ယူ၏လစာပေးချေမှုပမာဏမှာ မူလထက် ၂၅ ရာခိုင်နှုန်းအထိလျော့ကျသွားနိုင်ကြောင်း သိရသည်။

မန်ယူသည် လက်ရှိတွင် အဆင့်ခြောက် နေရာ၌ရပ်တည်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာရရန် ရုန်းကန်နေရသည်ဖြစ်ရာ အကယ်၍ ဝင်ခွင့်မရခဲ့ပါက ပေါ့ဘာအပါအဝင် နာမည်ကြီးကစားသမားများအနေဖြင့် မူလလစာမှ ၂၅ ရာခိုင်နှုန်းလျော့ကျသွားမည်ဟု The Sun သတင်းစာကဖော်ပြခဲ့သည်။ ယင်းအခြေအနေမျိုးဖြစ်လာခဲ့ပါက လစာလျော့နည်းရရှိမည့်ပေါ့ဘာကို မန်ယူ တွင်ရရှိနေသော လစာထက်တိုးပေးပြီး အသင်းသို့ပြောင်းရွှေ့ကစားရန် ရီးရဲလ်က ပေါ့ဘာကို စည်းရုံးဆွဲဆောင် လာဖွယ်ရှိကြောင်းလည်း အဆိုပါသတင်းက သုံးသပ်ဖော်ပြခဲ့သည်။

KKW

#democracytoday

Rate this item
(0 votes)
back to top