HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

လက်ရွေးစင် ကြက်တောင် အားကစားမယ် သက်ထားသူဇာ ထိုင်းကစားသမားကို ရှုံးနိမ့်ကာ ၃၂ ဦးအဆင့်ဖြင့် ကျေနပ်ခဲ့ရ

လက်ရွေးစင် ကြက်တောင် အားကစားမယ် သက်ထားသူဇာ ထိုင်းကစားသမားကို ရှုံးနိမ့်ကာ ၃၂ ဦးအဆင့်ဖြင့် ကျေနပ်ခဲ့ရ

ရန်ကုန်၊ ဧပြီ ၁ဝ 

မြန်မာ့လက် ရွေးစင် ကြက်တောင်အားကစားမယ် သက်ထားသူဇာ ထိုင်းကစားသမားကို ရှုံးနိမ့်ကာ ၃၂ ဦး အဆင့် တွင်ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။ ဗီယက်နမ် Internationa l Challenge ကြက်တောင်ရိုက် ပြိုင်ပွဲကို ဧပြီ ၉ ရက်မှ ၁၄ ရက်အထိ ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာ့ လက်ရွေးစင်ကြက်တောင် အားကစားမယ် သက်ထားသူဇာသည် အမျိုးသမီးတစ်ဦးချင်း ပွဲစဉ်တွင် ထိုင်းကစားသမား Chananchida J ucharoen  ကို (၂၁-၁၂)၊(၁၆- ၂၁)၊(၂၁-၂၃)ဖြင့် တစ်ပွဲနိုင်၊နှစ်ပွဲ ရှုံးနိမ့်ခဲ့သဖြင့် ၃၂ ဦးအဆင့်မှာပင် ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။

မြန်မာ့လက်ရွေးစင် ကြက်တောင်အားကစားမယ် သက်ထားသူဇာသည် AOP(Association of Olypic Project) အစီအစဉ်ဖြင့် လေ့ကျင့်မှုပြုလုပ်နေပြီး ၂ဝ၂ဝ တိုကျိုအိုလံပစ်လက်ရည် စစ်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိရန် ရည်မှန်းချက်ထားပြင်ဆင်နေသည့် ကစား သမား တစ်ဦးဖြစ်ကာ ဗီယက်နမ် International Challenge ၂ဝ၁၉ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီးနောက် တရုတ်နိုင်ငံတွင် ကျင်းပမည့် ကြက်တောင် ရိုက်ပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။

NTL

#democracytoday

Rate this item
(0 votes)
back to top