HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

လက်စားချေလိုစိတ်ကိုမေ့ဖျောက်ပြီး စပါးကိုအနိုင်ယူမည်ဟု ဘာနာဒိုကြုံးဝါး၊ အက်ဖ်အေဗိုလ်လုပွဲလာရန် ဘတ်စ်ကား ၂၆ စီးအား ကစားသမားများစီစဉ်ပေးမည်

လက်စားချေလိုစိတ်ကိုမေ့ဖျောက်ပြီး စပါးကိုအနိုင်ယူမည်ဟု ဘာနာဒိုကြုံးဝါး၊ အက်ဖ်အေဗိုလ်လုပွဲလာရန် ဘတ်စ်ကား ၂၆ စီးအား ကစားသမားများစီစဉ်ပေးမည်

မန်စီးတီးကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗားက စပါးကြောင့် ချန်ပီယံ လိဂ်ကွာတားအဆင့်မှထွက်ခဲ့ရသော် လည်း လာမည့်ပရီးမီးယားလိဂ်ပွဲတွင် ¤င်းတို့အား လက်စားချေနိုင်ရေးထက် ချန်ပီယံဆုအတွက် နိုင်ပွဲရယူရေးကို ရည်မှန်းချက်ထား ကစားသွားမည်ဖြစ် ကြောင်း ပြောဆိုခဲ့သည်။

မန်စီးတီးသည် ချန်ပီယံလိဂ် ကွာတားအဆင့် ဒု-အကျော့ပွဲစဉ်တွင် စပါးကို အိမ်ကွင်း၌ ၄-၃ ဖြင့်အနိုင်ရ ခဲ့သော်လည်း နှစ်ကျော့ပေါင်းရလဒ် ၄-၄ တွင် အဝေးဂိုးစည်းမျဉ်းအရ ယခု အဆင့်မှထွက်ခဲ့ရခြင်းဖြစ်သည်။

လိဂ်ဖလားရယူထားပြီး အက်ဖ် အေဖလားတွင် ဗိုလ်လုပွဲတက်ထား သောမန်စီးတီးအနေဖြင့် ယခုကဲ့သို့ စပါးကိုအရေးနိမ့်ခဲ့ခြင်းကြောင့် တစ် ရာသီအတွင်း ဆုဖလားလေးလုံးရယူ နိုင်သည့်အသင်းအဖြစ် စံချိန်သစ်တင် နိုင်မည့်အခွင့်အရေး လွဲချော်ခဲ့ရသည်။

သို့ရာတွင် ပရီးမီးယားလိဂ်တွင် နှစ်မှတ်အသာဖြင့် ဦးဆောင်နေသော လီဗာပူးထက် တစ်ပွဲလျော့ကစားထား သော မန်စီးတီးအနေဖြင့် လက်ကျန်ပွဲ အားလုံးကိုအနိုင်ရမည်ဆိုပါက ချန်ပီယံဆုကိုရယူနိုင်မည်ဖြစ်ရာ လာမည့် စပါးနှင့်ပွဲအပါအဝင် လက်ကျန်ပွဲအား လုံးကိုအနိုင်ရရန် လိုအပ်နေသည်။

ဘာနာဒိုဆေးလ်ဗားက ''စပါးကို အိမ်ကွင်းမှာ ထပ်ပြီးရင်ဆိုင်ရဦးမယ့် အနေအထားမှာ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ဖို့အတွက် ဒီပွဲမှာလည်း အနိုင်သုံး မှတ်ရယူနိုင်ဖို့လိုပါတယ်။ ချန်ပီယံလိဂ် ကထွက်ခဲ့ရလို့ စိတ်ပျက်မိပေမယ့် ဒါကို မေ့ဖျောက်ပြီး ကျန်နေသေးတဲ့ပြိုင်ပွဲ တွေကို အလေးထားကစားရမှာပါ။ အခုက လက်စားချေရမယ့် အချိန် မဟုတ်ဘဲ ချန်ပီယံဆုအတွက် ဆက် ပြီးအားပြိုင်နေရမယ့် အချိန်ဖြစ်ပါ တယ်။ အရင်ပွဲတွေလိုပဲ အလေးထား ကစားသွားမှာဖြစ်ပြီး သူတို့ကလည်း ကျွန်တော်တို့ကို အခက်တွေ့အောင် လုပ်လာဦးမှာပါ''ဟု ပြောကြားခဲ့သည်။

အခြားတစ်ဖက်တွင် မန်စီးတီး ကစားသမားများသည် တစ်ရာသီလုံး အသင်းကိုလိုက်ပါအားပေးခဲ့ကြ သော ပရိသတ်များကို ကျေးဇူး တုံ့ပြန်သည့်အနေဖြင့် ဝက်ဖို့ဒ် နှင့်ကစားရမည့် အက်ဖ်အေ ဖလားဗိုလ်လုပွဲကို ပရိသတ် များလိုက်ပါအားပေးနိုင်ရန် ဘတ်စ်ကား ၂၆ စီးအတွက် ကုန်ကျငွေများကို ကျခံပေး သွားမည်ဖြစ်ကြောင်း အသင်းခေါင်း ဆောင် ကွန်ပနီ ကပြောကြား ခဲ့သည်။

KKW

#YangonMediaGroup | #DemocracyToday

Rate this item
(0 votes)
YMG

back to top