HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

ဘရိုက်တန်နှင့်ပွဲ အပါအဝင် ပွဲတိုင်းကို အနိုင်ကစားရမည်ဟု ဒေးဗီးစ် ဆို 

ဘရိုက်တန်နှင့်ပွဲ အပါအဝင် ပွဲတိုင်းကို အနိုင်ကစားရမည်ဟု ဒေးဗီးစ် ဆို 

စပါးနောက်ခံလူ ဘင်ဒေးဗီးစ်က အသင်းအနေဖြင့် ချန်ပီယံလိဂ်ဝင်ခွင့်ရယူလိုပါက လာမည့် ဘရိုက်တန်နှင့်ပွဲ အပါအဝင် ပွဲတိုင်းကို အနိုင်ကစားရမည်ဖြစ်ကြောင်း အသင်းဖော်များအား တိုက်တွန်းပြော ကြားခဲ့သည်။ စပါးသည် မန်စီးတီးကို ရှုံးနိမ့်ခဲ့သော်လည်း အာဆင်နယ်က ပဲလေ့စ်ကို ရှုံးခဲ့ခြင်းကြောင့် တတိယနေရာတွင် ဆက်လက် ရပ်တည်နိုင်ခဲ့သော်လည်း ထိပ်ဆုံးလေးသင်းစာရင်းဝင် ဖြစ်လိုပါက ပွဲတိုင်းကို အနိုင်ကစားရမည်ဟု ဒေးဗီးစ်က ဆိုခဲ့သည်။

ဒေးဗီးစ်က ''ဘရိုက်တန်နဲ့ပွဲကစပြီး လက်ကျန်ပွဲအားလုံးမှာ အနိုင်ရရေးက ကျွန်တော်တို့ရဲ့ ပစ်မှတ်ဖြစ်ပါတယ်။ မန်စီးတီးကို ရှုံးခဲ့တာ စိတ်ပျက်စရာကောင်းပေမယ့် အခွင့်အရေးတွေ ရခဲ့ပြီး ဒါကိုအသုံးမချနိုင်ခဲ့တာပါ။ ဘရိုက်တန်နဲ့ပွဲမှာတော့ မန်စီးတီးနဲ့ပွဲကထက် ပိုကောင်းအောင် ကစားနိုင်ဖို့ လိုပါတယ်''ဟု ပြောကြားခဲ့သည်။ 

KKW

#democracytoday

Rate this item
(0 votes)
back to top