HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

ပြည်တွင်းဖလား သုံးလုံးရသည့်စံချိန်ကို အရယူရန် နည်းပြ ဂွါဒီယိုလာ တိုက်တွန်း၊ ထူးခြားသောခြေစွမ်းကို လီဗာပူးပြသနိုင်ခဲ့ကြောင်း နောက်ခံလူ ကွန်ပနီ ချီးကျူး

ပြည်တွင်းဖလား သုံးလုံးရသည့်စံချိန်ကို အရယူရန် နည်းပြ ဂွါဒီယိုလာ တိုက်တွန်း၊ ထူးခြားသောခြေစွမ်းကို လီဗာပူးပြသနိုင်ခဲ့ကြောင်း နောက်ခံလူ ကွန်ပနီ ချီးကျူး

မန်စီးတီးနည်းပြဂွါဒီယိုလာက အင်္ဂလိပ်ဘောလုံးသမိုင်းတွင် ပြည်တွင်းဆုဖလားသုံးခုစလုံးကို တစ်ရာသီအတွင်း ရယူနိုင်ခဲ့သေုာ အသင်းဟူ၍ မရှိခဲ့ဖူးရာ အက်ဖ် အေဖလားကိုရယူပြီး စံချိန်သစ် တင်ရန် အသင်းသားများအား တိုက်တွန်းခဲ့သည်။ မန်စီးတီးသည် ရာသီပိတ် နောက်ဆုံးပွဲတွင် ဘရိုက်တန်ကို အဝေးကွင်းတွင် ၄-၁ဖြင့် အနိုင်ရ ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ချန်ပီ ယံဆုကို နှစ်နှစ်ဆက်တိုက်ရယူ နိုင်ခဲ့ခြင်းဖြစ်ပြီး အက်ဖ်အေဖလား တွင် ဗိုလ်စွဲခြင်းဖြင့် စံချိန်သစ်တင် ရန် ဂွါဒီယိုလာက တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။

မန်စီးတီးသည် ဖေဖော်ဝါရီ လအတွင်းက လိဂ်ဖလားပြိုင်ပွဲ တွင် ဗိုလ်စွဲထားရာ ယခုပရီးမီး ယားလိဂ်ဖလားအပြင် လာမည့်သီ တင်းပတ်အကုန်၌ ဝက်ဖို့ဒ်နှင့်က စားရမည့်အက်ဖ်အေဖလားဗိုလ် လုပွဲတွင် ဗိုလ်စွဲနိုင်ပါက ပြည်တွင်း ဆုဖလားအားလုံးကို တစ်ရာသီ အတွင်းရယူနိုင်သည့် ပထမဆုံးအ သင်းအဖြစ် မှတ်တမ်းသစ်ရေးထိုး နိုင်မည်ဖြစ်သည်။ ဂွါဒီယိုလာက ''အရင်က ဒီ လိုစွမ်းဆောင်မှုမျိုးကို ဘယ်အင်္ဂ လိပ်အသင်းကမှ မလုပ်နိုင်ခဲ့ပါ ဘူး။ ကျွန်တော်တို့မှာ ဒီလိုအခွင့် အရေးရှိနေတဲ့အတွက် ဝက်ဖို့ဒ်နဲ့ ပွဲကို အာရုံစိုက်ထားရမှာပါ။ အက်ဖ်အေဖလားက ဗိုလ်စွဲဖို့အ သာထား ဗိုလ်လုပွဲတက်ဖို့တောင် မလွယ်တဲ့ပြိုင်ပွဲဖြစ်လို့ မှော်ဆန်တဲ့ ဝင်ဘလေကွင်းမှာကစားရမယ့် ဒီ ပွဲမှာ အနိုင်ရဖို့ ကျွန်တော်တို့ကြိုး စားသွားမှာပါ''ဟု ဆိုခဲ့သည်။


မန်စီးတီးသည် ယမန်နှစ်ရာ သီက စံချိန်တင်ရမှတ် ၁ဝဝဖြင့် ချန်ပီယံဖြစ်ခဲ့သလို ယခုနှစ်ရာသီ တွင်လည်း ၃၈ပွဲကစားခဲ့ရာ၌ ရ မှတ် ၉၈မှတ်ရရှိခဲ့ရာတွင် ယမန် နှစ်ကအတိုင်း နိုင်ပွဲ ၃၂ပွဲရရှိခဲ့ရာ လက်ရှိအသင်းမှာ အကောင်းဆုံး ပရီးမီးယားလိဂ်အသင်းအဖြစ် သုံး သပ်နေကြသည်။ သို့ရာတွင် ဂွါဒီယိုလာက အ ကောင်းဆုံးအသင်းဟူသော ဂုဏ် ပုဒ်ကို ဘာစီလိုနာတွင်ရှိစဉ်က လည်း ရရှိခဲ့ဖူးကြောင်း၊ သို့ရာတွင် နောင် ၁၅နှစ်၊ အနှစ် ၂ဝကြာမြင့် ချိန်မှသာ အကောင်းဆုံးအသင်း အကြောင်းကို ပြောဆိုကြလိမ့်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။


အခြားတစ်ဖက်တွင် မန်စီး တီးနောက်ခံလူကွန်ပနီက ချန်ပီ ယံဆုနဲ့ လွဲချော်ခဲ့ရသော်လည်း ပြိုင်ဘက်လီဗာပူးအသင်းမှာ ယခု နှစ်ရာသီတွင် ထူးထူးခြားခြား စွမ်း ဆောင်နိုင်ခဲ့ကြောင်း ချီးကျူးပြော ကြားခဲ့သည်။ ကွန်ပနီက ''သူတို့ရဲ့အနာ ဟောင်းကို ဆွပေးတာမဟုတ်ပေ မယ့် လီဗာပူးဟာ ဒီရာသီမှာ အ တော်လေးထူးခြားတဲ့ခြေစွမ်းပြခဲ့ ပါတယ်။ သူတို့ကို အိမ်ကွင်းမှာ အနိုင်ရခဲ့ပြီးကတည်းက ဆက် တိုက်ဦးဆောင်နိုင်ခဲ့လို့သာ အခုလို ချန်ပီယံဖြစ်ခဲ့တာပါ''ဟု ပြော ကြားခဲ့သည်။

KKW

#democracytoday

Rate this item
(0 votes)
back to top