HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

နိုင်ငံရေး ဆက်နွှယ်မှုကြောင့် အဇာဘိုင်ဂျန်သို့ မီခီတာယန် လိုက်ပါဖွယ်မရှိ

နိုင်ငံရေး ဆက်နွှယ်မှုကြောင့် အဇာဘိုင်ဂျန်သို့ မီခီတာယန် လိုက်ပါဖွယ်မရှိ

အာဆင်နယ်နည်းပြအမ်မရီက ကွင်းလယ်လူမီခီတာယန်မှာ ဘန်လေနှင့်ပွဲတွင် ခြေစွမ်းပြက စားနိုင်ခဲ့သော်လည်း နိုင်ငံရေးအ ခြေအနေများကြောင့် အဇာဘိုင်ဂျန်တွင်ကစားရမည့် ယူရိုပါလိဂ် ဗိုလ်လုပွဲကို လွဲချော်ရဖွယ်ရှိသည်ဟု ပြောကြားခဲ့သည်။ မီခီတာယန်သည် ဘန်လေ ကို ၃-၁ဖြင့် အနိုင်ရခဲ့သောပွဲတွင် ခြေစွမ်းပြနိုင်ခဲ့သဖြင့် နည်းပြအမ်မရီမှာ ချဲလ်ဆီးနှင့်ကစားရမည့် ဗိုလ်လုပွဲတွင် အသုံးပြုလိုနေသော်လည်း မီခီတာယန်၏အာမေးနီး ယားနှင့် အဇာဘိုင်ဂျန်တို့အကြား နိုင်ငံရေးနောက်ခံများကြောင့် ကစားသမားကို ခေါ်ဆောင်သွားရန် အခက်တွေ့နေရသည်။

အမ်မရီက ''မီခီတာယန်ဟာ ဘန်လေနဲ့ပွဲမှာ ကောင်းကောင်း ကစားနိုင်ခဲ့လို့ သူ့ကို ခေါ်သွား ချင်ပေမယ့် နိုင်ငံရေးပြဿနာတွေက ဖြေရှင်းရခက်တဲ့ကိစ္စဖြစ်နေပါတယ်။ ဒါက နိုင်ငံနှစ်နိုင်ငံကြားမှာ ဖြစ်တဲ့ ပြဿနာဖြစ်လို့ ဘယ်လို ဖြေရှင်းရမလဲဆိုတာ ကျွန်တော် မသိပါဘူး''ဟု ပြောကြားခဲ့သည်။

KKW

#democracytoday

Rate this item
(0 votes)
back to top