HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

အနာဂတ်ကို ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း ကွင်းလယ်လူ ဟာဇက် ပြောကြား

အနာဂတ်ကို ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း ကွင်းလယ်လူ ဟာဇက် ပြောကြား

ချဲလ်ဆီးကွင်းလယ်လူ ဟာဇက်က မိမိ၏အနာဂတ်နှင့်ပတ် သက်၍ ဆုံးဖြတ်ချက်ချထားပြီးဖြစ်ကာ လာမည့်ယူရိုပါလိဂ်ဗိုလ် လုပွဲအပြီးတွင် အားလုံးသိရှိရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဟာဇက်သည် ချဲလ်ဆီးနှင့် ၂ဝ၂ဝ ပြည့်နှစ်အထိ စာချုပ်သက် တမ်းရှိထားသော်လည်း ရီးရဲလ်နှင့် သတင်းများထွက်ပေါ်နေသူ ဖြစ်ပြီး ချဲလ်ဆီးမှာ ဟာဇက်အတွက် ပြောင်းရွှေ့ကြေးယူရိုသန်း ၁၃ဝ အလိုရှိနေသည်ဟု ခန့်မှန်းမှုများရှိနေသည်။

ဟာဇက်က ''ကျွန်တော့်အနေနဲ့ ဆုံးဖြတ်ချက်ချထားပြီးဖြစ် သလို ဒါဟာ ကျွန်တော့်တစ်ယောက်တည်းအတွက် မဟုတ်ပါ ဘူး။ ယူရိုပါလိဂ်ဗိုလ်လုပွဲကစားပြီးတဲ့နောက်မှာ အသေးစိတ်ကို ကျွန်တော်တို့သိရမှာပါ။ ဒီအခြေအနေကို အစောကြီးကတည်း က ဖြေရှင်းထားချင်ခဲ့ပေ ယ့် ထင်သလိုမဖြစ်ခဲ့ပါဘူး။ လက်ရှိ အချိန်မှာတော့ ခင်ဗျားတို့မီဒီယာတွေလိုပဲ ပရိသတ်တွေလိုပဲ ကျွန်တော်ကိုယ်တိုင်လည်း စောင့်ဆိုင်းနေရပါတယ်''ဟု ပြောကြား ခဲ့သည်။

 

KKW

#democracytoday

Rate this item
(0 votes)
back to top