HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

ချန်ပီယံလိဂ်မှ ထုတ်ပယ်ပြီး မန်စီးတီးကို အရေးယူရန် ယူအီးအက်ဖ်အေ စီစဉ်၊ လာမည့်ရာသီတွင် သက်ရောက်ဖွယ် မရှိသဖြင့် ပေါင်သန်း ၂ဝဝ မန်စီးတီး သုံးစွဲဖွယ်ရှိ

ချန်ပီယံလိဂ်မှ ထုတ်ပယ်ပြီး မန်စီးတီးကို အရေးယူရန် ယူအီးအက်ဖ်အေ စီစဉ်၊  လာမည့်ရာသီတွင် သက်ရောက်ဖွယ် မရှိသဖြင့် ပေါင်သန်း ၂ဝဝ မန်စီးတီး သုံးစွဲဖွယ်ရှိ

ယူအီးအက်ဖ်အေသည် ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်းအား ဘဏ္ဍာ ရေးစည်းမျဉ်းများကို ချိုးဖောက်ခဲ့သည့်အတွက် ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ပိတ်ပင်သည့်ပြစ်ဒဏ်ဖြင့်အရေးယူရန် စီစဉ်နေ ကြောင်း New York Times သတင်းစာကို ကိုးကား၍ ဗြိတိန် Daily Mail သတင်းစာက ဖော်ပြခဲ့သည်။ မန်စီးတီးအသင်းမှာ ယူအီးအက်ဖ် အေ၏ ဘဏ္ဍာရေးမျှခြေရှိမှုစည်းမျဉ်းကို လက်တစ်လုံးခြားပြုလုပ်ရန် ပုံမှန်မဟုတ် သော စပွန်ဆာသဘောတူညီမှုများရယူခဲ့ရာ တွင် အီတီဟတ်လေကြောင်းလိုင်းထံမှ တစ်နှစ်လျှင် ပေါင် ၅၉ ဒသမ ၅ သန်း စပွန် ဆာရရှိနေရာ၌ အမှန်တကယ်ရရှိနေသည် မှာ ပေါင် ၈ သန်းသာဖြစ်ပြီး ကျန်ငွေများကို မန်စီးတီး၏ဦးပိုင်ကုမ္ပဏီက ပေးချေနေခြင်း ဖြစ်ကြောင်း Football Leak  သတင်းကို ကိုးကား၍ ဂျာမန်မဂ္ဂဇင်း Der Spiegel  က ယမန်နှစ်ဒီဇင်ဘာလက ဖော်ပြခဲ့ဖူးသည်။

ထိုစဉ်ကတည်းက ယူအီးအက်ဖ်အေ၏ဘဏ္ဍာရေးထိန်းချုပ်မှုဘုတ်အဖွဲ့က လို အပ်သောသက် သေအထောက်အထားများ ကိုစုံစမ်းရှာဖွေခဲ့ပြီး လွန်ခဲ့သောသီတင်းနှစ် ပတ်ခန့်ကကျင်းပခဲ့သော အစည်းအဝေး တွင် မန်စီးတီးကို ဥရောပပြိုင်ပွဲများမှ အနည်းဆုံးတစ်နှစ်ထုတ်ပယ်ရန် အဆိုပြု ခဲ့ကြသည်ဟု New York Times  က ဖော်ပြ ခဲ့သည်။ အဆိုပါသတင်းအရ စုံစမ်းစစ် ဆေးရေးခုံရုံးအဖွဲ့၏အကြီးအကဲဖြစ်သော ဘယ်လ်ဂျီယံဝန်ကြီးချုပ်ဟောင်း လက်တာ မီအနေဖြင့် သီးခြားအကဲဖြတ် ခုံရုံးအဖွဲ့သို့ တင်ပြရန်သာကျန်ရှိတော့ ကြောင်းသိရသည်။


သို့ရာတွင် ရာသီသစ် ချန်ပီယံလိဂ်ပြိုင်ပွဲမစတင်မီ အပြီးသတ်ဆုံးဖြတ်ချက်ထွက်ပေါ် လာရန်မလွယ်ကူသည့်အပြင် ပြစ်ဒဏ်ချ မှတ်ခဲ့လျှင်လည်း အားကစားအငြင်းပွားမှု ဆိုင်ရာတရားရုံး   CAS ထံ အယူခံဝင်နိုင်ဦး မည်ဖြစ်သည့်အတွက် မန်စီးတီးအနေဖြင့် ရာသီသစ်ချန်ပီယံလိဂ်ပြိုင်ပွဲ ပါဝင်ကစား ခွင့် ပိတ်ပင်ခံရဖွယ်မရှိကြောင်းသိရသည်။


ဆက်စပ်သတင်းများအရ မန်စီးတီး အနေဖြင့် ဥရောပဝင်ခွင့်ပိတ်ပင်ခံရခြင်းကို ချက်ချင်းခံစားရဖွယ်မရှိသည့်အတွက် လာ မည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ကစားသမားသစ်ခေါ်ယူရေးအတွက် ပေါင် သန်း ၂ဝဝ သုံးစွဲသွားဖွယ်ရှိနေကြောင်း Daily Mail ကဖော်ပြခဲ့သည်။ နည်းပြဂွါဒီယိုလာ အလိုရှိနေသော ကစား သမားများတွင် အက် သလက်တီကိုမှ ရိုဒရီ၊ ဖရန့်ဖတ်မှ ဂျိုဗစ်၊ အေဂျက်မှ ဒီလစ်၊ လိုင်ယွန်မှ အို ဟာတို့ပါဝင် နေပြီးကစား သမားသစ်များ အတွက် ပေါင် သန်း ၂ဝဝ အထိ သုံးစွဲဖွယ်ရှိ ကြောင်းသိရသည်။

KKW

#democracytoday

Rate this item
(0 votes)
back to top