HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

နည်းပြ ဟုခ်ျတန်ကို ထုတ်ပယ်ခဲ့ခြင်းအတွက် ဘရိုက်တန်အသင်း ဝေဖန်ခံရ

နည်းပြ ဟုခ်ျတန်ကို ထုတ်ပယ်ခဲ့ခြင်းအတွက် ဘရိုက်တန်အသင်း ဝေဖန်ခံရ

လူမျိုးရေးခွဲခြားမှုတိုက်ဖျက် ရေး အသင်းအဖွဲ့တစ်ခုဖြစ်သော Kick It Out's အကြီးအကဲ ထရွိုင် တောင်းဆန့်က ဘရိုက်တန်က နည်းပြဟုခ်ျတန်ကို ထုတ်ပယ်ခဲ့ ခြင်းကြောင့် ပရီးမီးယားလိဂ်တွင် လူဖြူမဟုတ်သောနည်းပြဟူ၍ ဝုဗ်နည်းပြနူနိုတစ်ဦးတည်းသာ ကျန်တော့မည်ဖြစ်ကြောင်း ဝေဖန် ပြောကြားခဲ့သည်။

ဟုခ်ျတန်သည် ၂ဝ၁၄ တွင် ဘရိုက်တန်နည်းပြအဖြစ် စတင် တာဝန်ယူခဲ့ပြီး ချန်ပီယံရှစ်တွင် တန်းမဆင်းရရန် ရုန်းကန်နေရ သောအသင်းအဖြစ်မှ ၃၄ နှစ်အ တွင်း ပထမဆုံးအကြိမ်အဖြစ် ပရီး မီးယားလိဂ်သို့တန်းတက်အောင် စွမ်းဆောင်နိုင်ခဲ့သော်လည်း ရာ သီပိတ်မန်စီးတီးနှင့်ပွဲအပြီးတွင် ရာထူးမှထုတ်ပယ်ခံခဲ့ရသည်။

 

Kick It Out's အကြီးအကဲ တောင်းဆန့်က လူမည်းနည်းပြ များအနေဖြင့် ထိပ်တန်းအဆင့် တွင်အသက်မွေးရန် အခက်အခဲ များစွာဖြင့် ရင်ဆိုင်နေရချိန်တွင် ဟုခ်ျတန်ထုတ်ပယ်ခံရခြင်းက အ ရေအတွက်ပိုမိုနည်းပါးသွားစေခဲ့ ကြောင်း ဝေဖန်ခဲ့သည်။

KKW

#democracytoday

Rate this item
(0 votes)
back to top