HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

စီရော်နယ်ဒို၏ ဂိုးဆာလောင်မှုကို မိုဗစ်နှင့် နည်းပြအလီဂရီ နှိုင်းယှဉ်

စီရော်နယ်ဒို၏ ဂိုးဆာလောင်မှုကို မိုဗစ်နှင့် နည်းပြအလီဂရီ နှိုင်းယှဉ်

ဂျူဗင်တပ်နည်းပြအလီဂရီက စီရော်နယ်ဒိုမှာ အခြားကစားသမား များထက် စိတ်ဓာတ်ကြံ့ခိုင်သူဖြစ်ပြီး ဂိုးဆာလောင်စိတ်လည်း ပြင်းထန် သည့်အတွက် ဆွီဒင်တိုက်စစ်မှူး အီဘရာဟီမိုဗစ်နှင့် နှိုင်းယှဉ်နိုင် ကြောင်းပြောကြားခဲ့သည်။ စီရော်နယ်ဒိုသည် ဂျူဗင် တပ်နှင့် စီးရီးအေ၊ အီတလီစူပါ ဖလားများရယူနိုင်ခဲ့ပြီး ပြိုင်ပွဲ အရပ်ရပ်တွင် ဂျူဗင်တပ်အသင်း အတွက် ၂၈ ဂိုးသွင်းယူနိုင်ခဲ့ရာ ¤င်း၏ စိတ်ဓာတ်ပြင်းပြမှုအပေါ် အလီဂရီက ချီးကျူးခဲ့ခြင်းဖြစ် သည်။

အလီဂရီက ''စီရော် နယ်ဒိုဟာ သူများတွေထက် စိတ်ဓာတ်ခိုင်မာသူဖြစ်ပြီး နေ့တိုင်းမှာ သူ့ရည်မှန်းချက် တွေကို ပြည့်မြောက်အောင် လုပ်ဆောင်နေသူပါ။ ဆုဖလားတိုင်းရယူချင်တဲ့ ၃၄ နှစ်အရွယ် ကစားသမားတစ်ဦးကို ဒီလိုပုံစံမျိုးမြင်ရဖို့မလွယ်ပါဘူး။ ကျွန်တော့်အနေနဲ့ မီ လန်မှာတုန်းက မိုဗစ်နဲ့လက် တွဲခဲ့ဖူးပြီး သူ့ရဲ့စိတ်အား ထက်သန်မှုနဲ့ ဒေါသတွေကို မြင်တွေ့ခဲ့ဖူးပါတယ်။ သူတို့ လိုကစားသမားတွေအဆင့် ကို တခြားသူတွေရောက်ဖို့ တော်တော်ခက်ပါတယ်''ဟု ပြောကြားခဲ့သည်။ 

KKW

#democracytoday

Rate this item
(0 votes)
back to top