HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

ပရီးမီးယားလိဂ်၏ အကောင်းဆုံးနည်းပြအဖြစ် ဂွါဒီယိုလာ သတ်မှတ်ခံရ၊ လိဂ်မန်နေဂျာများ အစည်းအရုံး၏ ဆုကိုမူ ရှက်ဖီးနည်းပြ ဝိုင်လ်ဒါ ဆွတ်ခူး

ပရီးမီးယားလိဂ်၏ အကောင်းဆုံးနည်းပြအဖြစ် ဂွါဒီယိုလာ သတ်မှတ်ခံရ၊  လိဂ်မန်နေဂျာများ အစည်းအရုံး၏ ဆုကိုမူ ရှက်ဖီးနည်းပြ ဝိုင်လ်ဒါ ဆွတ်ခူး

မန်စီးတီးနည်းပြဂွါဒီယိုလာသည် အသင်းအား နှစ်ရာသီဆက် တိုက် ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူပေးနိုင်ခဲ့ပြီးနောက် လိဂ်မန် နေဂျာများအစည်းအရုံးက ပေး အပ်သော တစ်ရာသီအတွင်း ပရီး မီးယားလိဂ်၏ အကောင်းဆုံးနည်း ပြဆုကို ဆွတ်ခူးရရှိခဲ့သည်။ မန်စီးတီးသည် ယမန်နှစ်က စုစုပေါင်းရမှတ် ၁ဝဝထက် နှစ် မှတ်လျော့နည်းခဲ့သော်လည်း ရ မှတ် ၉၈မှတ်ဖြင့် ပရီးမီးယားလိဂ် ၏လက်ရှိချန်ပီယံဘွဲ့ကို ဆက် ထိန်းနိုင်ခဲ့ခြင်းဖြစ်ပြီး အစောပိုင်း က လိဂ်ဖလားရထားသည့်အပြင် အက်ဖ်အေဖလားရရှိရန်လည်း နီးစပ်နေသည့်အတွက် ဂွါဒီယိုလာ မှာ ပရီးမီးယားလိဂ်၏အကောင်း ဆုံးနည်းပြအဖြစ် ရွေးချယ်ခံရ ခြင်းဖြစ်သည်။

အင်္ဂါနေ့ကပြုလုပ်သော အ ခမ်းအနားသို့ ကိုယ်တိုင်မတက် ရောက်နိုင်သော်လည်း ဗီဒီယိုဖိုင် ပေးပို့ခဲ့သည့် ဂွါဒီယိုလာက ''ဒီဆု ကိုလက်ခံရရှိခဲ့တာဟာ ဂုဏ်ယူစ ရာဖြစ်ပြီး ကျွန်တော့်ကစားသမား တွေနဲ့အတူ မျှဝေခံစားချင်ပါ တယ်။ ပရီးမီးယားလိဂ်မှာ နည်းပြ ကောင်းတွေနဲ့အတူ ချန်ပီယံဆုအ တွက်အားပြိုင်ရတာဟာ သိပ်ကို ကျေနပ်စရာကောင်းပါတယ်''ဟု ပြောကြားခဲ့သည်။ ပရီးမီးယားလိဂ်၏ တစ်နှစ် တာအကောင်းဆုံးနည်းပြဆုအ တွက် ဆန်ခါတင်စာရင်းတွင် လီ ဗာပူးနည်းပြကလော့ပ်နှင့် ဝုလ်ဗာ ဟမ်တန်နည်းပြနူနိုတို့လည်းပါဝင် ခဲ့ပြီး ¤င်းတို့ကိုကျော်လွန်ကာ ဂွါ ဒီယိုလာက ရရှိခဲ့ခြင်းဖြစ်သည်။


ပရီးမီးယားလိဂ် အကောင်းဆုံးနည်းပြဆုကို ယခုကဲ့သို့ ဂွါဒီယိုလာက ရရှိခဲ့သော်လည်း လိဂ်မန်နေဂျာ များအစည်းအရုံးက ပေးအပ်သော တစ်ရာသီအတွင်း အကောင်းဆုံးနည်းပြ ဆုကိုမူ ချန်ပီယံရှစ်ကလပ် ရှက်ဖီးယူနိုက်တက် အသင်းနည်းပြ ဝိုင်လ်ဒါကရရှိခဲ့ကြောင်းသိရသည်။ ဝိုင်လ်ဒါသည် ချန်ပီယံရှစ်၏ အကောင်းဆုံးနည်းပြဆုကိုရရှိခဲ့ ပြီးရှက်ဖီးယူ နိုက်တက်ကို ဒုတိယနေရာဖြင့် ပရီးမီးယားလိဂ်သို့ တန်းတက် စေနိုင်ခဲ့ပြီးနောက် ဆာအဲလက်စ် ဖာဂူဆန်ဟု ဂုဏ်ပြုခေါ်ဆိုပြီး ဖာဂူဆန်ကိုယ်တိုင်ပေးအပ်သော အကောင်းဆုံးနည်းပြဆုကို ရရှိ ခဲ့ခြင်းဖြစ်သည်။


အခြားဆုများကိုဆက်လက် ပေးအပ်ခဲ့ရာ လိဂ်-၁ ၏အကောင်း ဆုံးနည်းပြဆုကို လူတန်တောင်း ယာယီနည်းပြဟောင်း မစ်ဟားဖို့ဒ်၊ လိဂ်-၂ ၏ အကောင်းဆုံး နည်းပြဆုကို ချန်ပီယံလင် ကွန်းနည်းပြဒန်နီကောင် လေ၊ အမျိုးသမီးစူပါ လိဂ်နည်းပြဆုကို အာဆင်နယ်နည်းပြ မူတီမာရို၊ အမျိုး သမီးချန်ပီယံ ရှစ် နည်းပြဆုကို စပါးနည်းပြကာ ရင်ဟေးလ်တို့က အသီးသီးရရှိခဲ့ ကြသည်။ 

KKW

#democracytoday

Rate this item
(0 votes)
back to top