HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

ဖရန့်ဖတ်နှင့် အဆုံးအဖြတ်ပွဲတွင် ဂိုးသမားနူအာ ပါဝင်ရန် မသေချာ

ဖရန့်ဖတ်နှင့် အဆုံးအဖြတ်ပွဲတွင် ဂိုးသမားနူအာ ပါဝင်ရန် မသေချာ

ဘိုင်ယန်ဂိုးသမားနူအာက ဘွန်ဒက်စ်လီဂါချန်ပီယံဆုအတွက် အရေးပါသော ဖရန့်ဖတ်နှင့်ပွဲအမီ မိမိအနေဖြင့် ကြံ့ခိုင်မှုရရန် မလွယ်ကူကြောင်း ဝန်ခံပြောကြားခဲ့သည်။ နူအာသည် ခြေသလုံးကြွက်သားဒဏ်ရာကြောင့် ဧပြီလလယ်ကတည်းက အနားယူနေရသူဖြစ်ပြီး လစ်ပ်ဇစ်နှင့်ပွဲမှာကတည်းက ကြံ့ခိုင်မှုပြန်ရရန်မျှော်လင့်ခဲ့သော်လည်း ယင်းပွဲကိုလွဲချော်ခဲ့ရပြီး နောက် ယခုအခါ ရာသီပိတ်ပွဲစဉ် တွင် ပါဝင်ကစားနိုင်ရန်ပါ မရေ မရာဖြစ်နေခြင်းဖြစ်သည်။

နူအာက ''ဖရန့်ဖတ်နဲ့ပွဲမှာ ပြန်ကစားနိုင်ဖို့ ပစ်မှတ်ထားပေမယ့် ကျွန်တော်ပါဝင်နိုင်ပါ့မလား ဆိုတာ မသေချာသေးပါဘူး။ ပွဲကစားမယ့်ရက်မတိုင်ခင် နောက်ဆုံး ရက်ကျမှ သေချာသိရမှာပါ''ဟု ပြောကြားခဲ့သည်။

KKW

#democracytoday

Rate this item
(0 votes)
back to top