HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

ပြည်တွင်းဖလားသုံးလုံး ရယူရေးက ချန်ပီယံလိဂ်ထက် ပိုခက်ခဲဟု ဂွါဒီယိုလာ ဆို၊ ၁၁ နှစ်ကြာ ကစားခဲ့သော နောက်ခံလူ ကွန်ပနီ ထွက်ခွာတော့မည်ဟု မန်စီးတီး အတည်ပြု

ပြည်တွင်းဖလားသုံးလုံး ရယူရေးက ချန်ပီယံလိဂ်ထက် ပိုခက်ခဲဟု ဂွါဒီယိုလာ ဆို၊ ၁၁ နှစ်ကြာ ကစားခဲ့သော နောက်ခံလူ ကွန်ပနီ ထွက်ခွာတော့မည်ဟု မန်စီးတီး အတည်ပြု

မန်စီးတီးနည်းပြဂွါဒီယိုလာက တစ်ရာသီအတွင်း ပြည်တွင်းဆုဖလားသုံးလုံးရယူနိုင်သည့်စံချိန်ကို အ ခြားအသင်းများ လိုက်မီကောင်းမီနိုင်မည်ဖြစ်သော် လည်း ယခုအောင်မြင်မှုမှာ ချန်ပီယံလိဂ်တွင် ဗိုလ် စွဲရန်ထက်ပင် ခက်ခဲကြောင်း ပြောဆိုခဲ့သည်။ မန်စီးတီးသည် အက်ဖ်အေဖလားဗိုလ်လုပွဲ တွင်ဝက်ဖို့ဒ်ကို ၆-ဝဖြင့် အနိုင်ရပြီးနောက် အင်္ဂလိပ် ဘောလုံးသမိုင်းတွင် အက်ဖ်အေ၊ ချန်ပီယံလိဂ်နှင့် လိဂ်ဖလားသုံးလုံးကို တစ်ရာသီအတွင်း ရယူနိုင် သော ပထမဆုံးအသင်းဖြစ်လာခဲ့သည်။

မန်စီးတီးသည် ရာသီအဖွင့်ကို ကွန်မြူနတီ ဒိုင်းရယူခြင်းဖြင့် စတင်ဖွင့်လှစ်ပြီးနောက် အက်ဖ် အေဖလားဖြင့် ရာသီသိမ်းနိုင်ခဲ့ခြင်းဖြစ်ကာ စပါး ကိုရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှထွက်ခဲ့ရ ခြင်းမှာ ပြီးခဲ့သောရာသီတွင် မန်စီးတီးအတွက် တစ်ခုတည်းသောရှုံးနိမ့် မှုဖြစ်ခဲ့သည်။ ဂွါဒီယိုလာက ''ဒီရာသီက ကျွန်တော့်နည်းပြဘဝ အကောင်းဆုံးရာ သီတွေထဲမှာ အပါအဝင်လို့ ဆိုရမှာပါ။ ဒီနိုင်ငံရဲ့ ပြိုင်ပွဲတိုင်းမှာဝင်ပြိုင်ပြီး ဆုဖလားအားလုံး ရယူနိုင်တဲ့မှတ်တမ်းကို တခြားအသင်းတွေလည်း ရ ကောင်းရနိုင်ပေမယ့် ကျွန်တော်တို့က ပထမဆုံးဖြစ်ပါတယ်။ ချန်ပီယံလိဂ် ပြိုင်ပွဲကို ကျွန်တော်သဘောကျပေမယ့် အခုကျွန်တော်တို့ရဲ့အောင်မြင်မှုက ချန် ပီယံလိဂ်ထက်တောင် ခက်ခဲပါတယ်။ သုံးရက်ကို ပွဲတစ်ပွဲကစားဖို့ဆို တာဟာ တကယ်မလွယ်လို့ အသင်းပိုင်ရှင်ရှိတ်မန်အာအပါအဝင် အသင်းတာ ဝန်ရှိသူတွေနဲ့ ကစားသမားတွေရဲ့အားထုတ်မှုအတွက် ဂုဏ်ယူမိ ပါတယ်''ဟု ပြောကြားခဲ့သည်။


အခြားတစ်ဖက်တွင် မန်စီးတီးအသင်းခေါင်းဆောင်ကွန်ပနီသည်အသင်းတွင် ၁၁ နှစ်ကြာကစားခဲ့စဉ်အတွင်း ဆုဖလား ၁ဝ လုံး ရယူနိုင်ခဲ့ပြီးနောက် အသင်းမှ ထွက်ခွာတော့မည်ဖြစ်ကြောင်း မန်စီးတီးက အတည်ပြုခဲ့သည်။ မန်စီးတီးအတွက် ပွဲပေါင်း ၃၆ဝ ကစားခဲ့သော ကွန်ပနီကို စာချုပ်သစ်ချုပ်ဆိုရန် အသင်းဖော်များက ပြောဆိုခဲ့ကြသော်လည်း ၃၃ နှစ်အရွယ်ရှိပြီဖြစ်သော ကစားသမားကို မန်စီးတီးက သက်တမ်းတိုးခြင်းမပြုခဲ့ဘဲ လာမည့်စက်တင်ဘာတွင် ဂုဏ်ပြုနှုတ်ဆက်ပွဲကျင်းပသွားမည်ဟု မန်စီးတီးအသင်း ဥက္ကဋ္ဌ အဲလ်မူဘာရက်က ပြောကြားခဲ့သည်။ 

KKW

#democracytoday

Rate this item
(0 votes)
back to top