HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

အသင်းမှ ထွက်ခွာမည့် ရော်ဘင်နှင့် ရစ်ဘာရီတို့ကို နည်းပြကိုဗက် ချီးကျူး

အသင်းမှ ထွက်ခွာမည့် ရော်ဘင်နှင့် ရစ်ဘာရီတို့ကို နည်းပြကိုဗက် ချီးကျူး

ဘိုင်ယန်နည်းပြကိုဗက်က ဝါရင့်ကစားသမားများဖြစ်သော ရော်ဘင်နှင့် ရစ်ဘာရီတို့မှာ အသင်းနှင့် ဘွန်ဒက်စ်လီဂါပြိုင်ပွဲကို ပုံဖော်ခဲ့ကြသူများဖြစ်ပြီး ရာသီပိတ်နောက်ဆုံးပွဲစဉ်တွင် အဆိုပါကစားသမားနှစ်ဦးအား အကောင်းဆုံးနှုတ်ဆက်နိုင်ခဲ့သည့်အတွက် ကျေနပ်ဝမ်းမြောက်မိ ကြောင်း ပြောဆိုခဲ့သည်။

ဘိုင်ယန်သည် နောက်ဆုံးပွဲတွင် ဖရန့်ဖတ်ကို ၅-၁ ဖြင့်အနိုင်ရခဲ့ပြီးနောက် အမှတ် ပေးချန်ပီယံဆုကို ခုနစ်နှစ်ဆက်တိုက်ရယူနိုင်ခဲ့ပြီး အဆိုပါပွဲတွင် အသင်းမှထွက်ခွာတော့မည့် ရော်ဘင်နှင့်ရစ်ဘာရီတို့မှာ လူစားဝင်ကစားပြီး အသီးသီးဂိုးသွင်းယူနိုင်ခဲ့ကြသည်။ နည်းပြကိုဗက်က ''ဖရန့်ဖတ်နဲ့ပွဲမတိုင်ခင်မှာ ချန်ပီယံဖြစ်ဖို့နဲ့ ရော်ဘင်နဲ့ရစ်ဘာရီတို့ကို အကောင်းဆုံးနှုတ်ဆက်ဖို့ဆိုတဲ့အချက်နှစ်ချက်ကို ကျွန်တော်မှတ်သားထားပါတယ်။ ဒီကစားသမားနှစ်ဦးဟာ ဘိုင်ယန်ကိုရော ဘွန်ဒက်စ်လီဂါကိုပါ ပုံဖော်ခဲ့ကြသူတွေဖြစ်လို့ သူတို့ကို အကောင်းဆုံးနှုတ်ဆက်နိုင်ခဲ့တာ ကျေနပ်မိပါတယ်''ဟု ပြောကြားခဲ့သည်။

KKW

#democracytoday

Rate this item
(0 votes)
back to top