HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

ရီးရဲလ်ပရိသတ်များတွင် ဘေးလ်ကို ထောက်ခံသူ ကိုးရာခိုင်နှုန်းသာရှိ

ရီးရဲလ်ပရိသတ်များတွင် ဘေးလ်ကို ထောက်ခံသူ  ကိုးရာခိုင်နှုန်းသာရှိ

ရီးရဲလ်တွင် ပုံမှန်ကစားခွင့် ပျောက်ဆုံးနေခြင်းကြောင့် နွေ ဈေးကွက်တွင် အသင်းမှထွက်ခွာ မည်ဟုခန့်မှန်းခံထားရသော ဂါရတ် ဘေးလ်သည် ပရိသတ်များအား စစ်တမ်းကောက်ခံရာတွင်လည်း ထောက်ခံမှုကျဆင်းနေကြောင်း သိရသည်။  ဘေးလ်သည် ယခုနှစ်ရာသီ တွင် ယခင်နည်းပြ လိုပီတီဂူနှင့် ဆိုလာရီတို့လက်အောက်တွင် ခြေစွမ်းမပြနိုင်ခဲ့သည့်အပြင် တစ် ကျော့ပြန်နည်းပြဇီဒန်းလက်ထက် တွင်လည်း ပွဲကစားခွင့်ပျောက်ဆုံး ခဲ့ရာ နွေရာသီတွင် စပိန်မြေကို စွန့်ခွာရန် နီးစပ်နေသည်။

စပိန် AS သတင်းစာက လက်ရှိရီးရဲလ်ကစားသမားများအ နက်မှ ပရိသတ်အကြိုက်ဆုံးက စားသမားများကို စစ်တမ်းကောက် ယူခဲ့ရာ ပရိသတ်ငါးသန်းကမဲပေး ခဲ့ကြရာတွင် ဂါရတ်ဘေးလ်မှာ မဲ အားလုံး၏ ကိုးရာခိုင်နှုန်းကိုရရှိခဲ့သည့်အတွက် ပရိသတ်များကြား တွင်လည်း ရေပန်းစားမှုကျဆင်း နေကြောင်းသိရသည်။ 

KKW

#democracytoday

Rate this item
(0 votes)
back to top