HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

ငွေအဝင်အထွက် ထိန်းညှိရန် ကစားသမား ၁၃ ဦးအထိ ရီးရဲလ် ရောင်းရနိုင်

ငွေအဝင်အထွက် ထိန်းညှိရန် ကစားသမား ၁၃ ဦးအထိ ရီးရဲလ် ရောင်းရနိုင်

ရီးရဲလ်အသင်းသည် ဝင်ငွေနှင့်ထွက်ငွေ ဟန်ချက်ညီရ မည့် ယူအီးအက်ဖ်အေ၏ ဘဏ္ဍာရေး မျှခြေရှိမှု စည်းမျဉ်းနှင့် ကိုက်ညီမှုရှိစေရန် ပေါင်သန်း ၂၅ဝ ကျော် လိုအပ်နေရာ အသင်းမှ ကစားသမား ၁၃ ဦးအထိ ရောင်းချရဖွယ်ရှိနေ ကြောင်း သိရသည်။ ရီးရဲလ်သည် လက်ရှိတွင် ဂျိုဗစ် ပေါင် ၆၂ သန်း၊ ဟာ ဇက်ကို ပေါင်သန်း ၁၃ဝ တို့ဖြင့် ခေါ်ယူခဲ့ပြီးဖြစ်သည့်အပြင် ပေါ့ဘာနှင့် အဲရစ်ဆင်တို့ကိုလည်း ထပ်မံခေါ်ယူရန် လုပ် ဆောင်နေရာ ငွေအဝင်အထွက် ဟန်ချက်ညီစေရန် ပေါင်သန်း ၂၅ဝ ကျော်လိုအပ်နေသည်ဟု AS သတင်းစာက ဖော်ပြခဲ့သည်။

သို့ဖြစ်ရာ ရီးရဲလ်အနေဖြင့် ကစားသမား ၁၃ ဦးအထိ ရောင်းချရဖွယ်ရှိနေကြောင်း သိရှိရပြီး နာဗက်စ်၊ ဗယ်လီဂျို၊ သီယိုဟာနန်ဒက်ဇ်၊ ရီဂွီလွန်၊ မားကို့စ်လိုရန်တီ၊ လူးကပ်စ် ဆေးလ်ဗား၊ ဆီဘယ်လော့စ်၊ ကိုဗာဆစ်၊ ဂျိမ်းစ်ရိုဒရီဂွက်ဇ်၊ မာရီယာနို၊ ဂါရတ်ဘေးလ်၊ ဒီတိုမက်စ်နှင့် မာယိုရယ်တို့မှာ အသင်းမှ ထွက်ခွာရဖွယ်ရှိနေကြောင်း အဆိုပါသတင်းက ဖော် ပြခဲ့သည်။ 

KKW

#democracytoday

Rate this item
(0 votes)
back to top