HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

လက်ရွေးစင်အသင်းမှ အနားယူရန် အစီအစဉ်မရှိသေးဟု စီရော်နယ်ဒိုပြောဆို  

လက်ရွေးစင်အသင်းမှ အနားယူရန် အစီအစဉ်မရှိသေးဟု စီရော်နယ်ဒိုပြောဆို   

ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုက နေးရှင်းလိဂ်ချန်ပီယံဖြစ်ခဲ့သော အသင်းတွင် မျိုးဆက်သစ် ကစားသမားကောင်း အမြောက်အမြားရှိ နေသော်လည်း မိမိအနေဖြင့် လက်ရွေးစင်အသင်းမှ အနားယူရန် အစီအစဉ် မရှိ သေးကြောင်း ပြောကြားခဲ့သည်။ (၃၄)နှစ်အရွယ် ရှိပြီ ဖြစ်သော စီရော်နယ်ဒိုသည် နေးရှင်းလိဂ်အုပ်စုအဆင့်တွင် ပါဝင်ကစားခဲ့ခြင်း မရှိသော်လည်း အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သော နောက်ဆုံးအဆင့် ပြိုင်ပွဲတွင် အရေးပါသော ကစားသမားတစ်ဦးဖြစ်ခဲ့ပြီး ဆီမီးဖိုင်နယ်တွင် ဆွစ်ဇာလန်ကို အနိုင်ရခဲ့ရာ၌ ပေါ်တူဂီအတွက် ဟက်ထရစ်ဂိုး သွင်းယူနိုင်ခဲ့သည်။

လက်ရှိပေါ်တူဂီအသင်းတွင် ယမန်နှစ်ရာသီက မန်စီးတီးနှင့်အတူ ဆုဖလားအောင်မြင်မှုများစွာ ရယူ နိုင်ခဲ့သော ဘာနာဒိုဆေးလ်ဗားအပါအဝင် မျိုးဆက်သစ်ကစားသမားကောင်းများစွာ ရှိနေသော်လည်း စီရော်နယ်ဒိုက အနားယူဦးမည်မဟုတ်ဟု ပြောကြားခဲ့သည်။


စီရော်နယ်ဒိုက ''ပေါ်တူဂီအနေနဲ့ ယူရို ၂ဝ၁၆ မှာသာမက အခုနေးရှင်းလိဂ် မှာပါ ချန်ပီယံဖြစ်ခဲ့တာဟာ လွယ်ကူတယ်လို့ ထင်ရပေမယ့် အမှန်တကယ်ခက်ခဲခဲ့ပါတယ်။ ဒီအောင်မြင်မှုတွေရဖို့အတွက် စူးနစ်အားစိုက်မှုတွေ အများကြီးလုပ်ခဲ့ရပါတယ်။ ကျွန်တော့်အနေနဲ့ စိတ်အားထက်သန်မှုနဲ့ ခွန်အားရှိနေသရွေ့ ပေါ်တူဂီအသင်းအတွက် ဆက်ကစားသွားဦးမှာပါ။ အသင်းနဲ့ အတူရှိချိန်တိုင်းမှာ နေအိမ်မှာရှိနေသလို ခံစားရပါတယ်။ အသင်းအတွက် ကျွန်တော်ကစားပေးလာခဲ့တာ ၁၆ နှစ်ရှိပြီဖြစ်ပေမယ့် စိတ်အားထက်သန်မှုက ကျွန်တော် (၁၈)နှစ်သားတုန်းကလိုပါပဲ။ ဒီအသင်းအတွက် အကောင်းဆုံး အားထုတ်နေဆဲဖြစ်ပြီး ဆုဖလားအောင်မြင်မှုတွေ ဆက်လက်ရယူနိုင်ရေးအတွက် အကူအညီပေးသွားဦးမှာပါ''ဟု ပြောကြားခဲ့သည်။


နေးရှင်းလိဂ်ပြိုင်ပွဲကို ကျင်းပပြီးစီးခဲ့ပြီးနောက် ယခုပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးကစားသမားကို ရွေးချယ်ခဲ့ရာ ပေါ်တူဂီကွင်း လယ်လူ ဘာနာဒိုဆေးလ်ဗားက ဆွတ်ခူးရရှိခဲ့သည်။ ဘာနာဒိုသည် နယ်သာလန်ကို အနိုင်ရခဲ့သော ဗိုလ်လုပွဲတွင် ပေါ်တူဂီအတွက် တစ်လုံးတည်းသော ဂိုးကို ဂူဒက်စ်သွင်းယူနိုင်စေရန် ဂိုးဖန်တီးမှုပြုလုပ် ပေးနိုင်ခဲ့သူဖြစ်ပြီး နိုင်ငံအသင်းနှင့်အတူ ပထမ ဆုံးဆုဖလားရခဲ့သည့်အပြင် တစ်ဦးချင်း ဆုတံဆိပ် ကိုပါရရှိခဲ့သည့်အတွက် ဝမ်းမြောက်ကြောင်း ဘာနာဒိုကဆိုခဲ့သည်။ တစ်ချိန်တည်းတွင် နေး ရှင်းလိဂ်၏ အကောင်းဆုံးကစားသမား ၁၁ ဦး ကိုကြေညာခဲ့ရာ အင်္ဂလန်မှ ဂိုးသမားပစ်ဖို့ဒ်တစ်ဦး သာ ပါဝင်ခဲ့ပြီး ကျန်ကစားသမားများမှာ မာဘာ ဘူ၊ အကန်ဂျီ၊ ဒီယက်စ်၊ ဒီလစ်၊ ဂွါရဲရိုး၊ ဒီရွန်း၊ ဘာ နာဒို၊ ဒီဂျောင်၊ ဒီပေးနှင့် စီရော်နယ်ဒိုတို့ ဖြစ်သည်။

KKW

#democracytoday

Rate this item
(0 votes)
back to top