HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

နာမည်ကြီးများကို ခေါ်ယူခြင်းဖြင့် ငွေမဖြုန်းသင့်ဟု ရွန်းနီ အကြံပြု  

နာမည်ကြီးများကို ခေါ်ယူခြင်းဖြင့် ငွေမဖြုန်းသင့်ဟု ရွန်းနီ အကြံပြု   

မန်ယူတိုက်စစ်မှူးဟောင်း ဝိန်းရွန်းနီက နည်းပြဆိုးလ်ရှားအနေဖြင့် အနာဂတ်တွင် ခြေစွမ်းကောင်းလာမည့် ကစား သမားများကိုသာ ခေါ်ယူသင့်ပြီး နာမည်ကြီးကစားသမားများကို ခေါ်ယူခြင်းက ငွေဖြုန်းတီးခြင်းသာ ဖြစ်လိမ့်မည်ဖြစ် ကြောင်း အကြံပြုခဲ့သည်။ မန်ယူသည် ယမန်နှစ်ရာသီက ချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှုံးခဲ့ရသည့်အပြင် ဆုဖလားလက်မဲ့ ရာသီနှင့်လည်း ရင်ဆိုင်ခဲ့ရသည့်အတွက် အင်အားဖြည့်တင်းမှုများပြုလုပ်ရန် စီစဉ်နေရာ နာမည်ကြီးများကို ခေါ်ယူခြင်း မပြုရန် ရွန်းနီက တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

ရွန်းနီက ''ဆိုးလ်ရှားအနေနဲ့ ပထမဆုံးလုပ်ဆောင်ရမှာက အသင်းကို ပြန်လည်တည်ဆောက်ဖို့ပါ။ နာမည်ကြီး ကစားသမား တစ်ယောက်၊ နှစ်ယောက်လောက်ကို ပေါင်သန်း ၁ဝဝ နဲ့ခေါ်ယူလိုက်ခြင်းက ရှိရင်းစွဲ ကစားသမားတွေနဲ့ အသင်းအတွက် အထောက်အကူဖြစ်မယ်လို့ ကျွန်တော်မထင်ပါဘူး။ ထိပ်တန်းအဆင့်ကို ရောက်နိုင်မယ့် ခြေစွမ်းရှိတဲ့ ကစားသမားငါး ယောက်လောက် ခေါ်သင့်တယ်ဆိုပေမယ့် ဒီအတွက်လည်း ပေါင်သန်း ၁၂ဝ-၁၃ဝ လောက် မသုံး သင့်ပါဘူး။ စီရော်နယ်ဒို၊ မက်ဆီနဲ့ ရာမို့စ်တို့လို ကစားသမားတွေကိုခေါ်ခဲ့ရင် ပေါင်သန်း ၃၅ဝ နီးပါး ကုန်ကျနိုင်တဲ့ အပြင် နှစ်အနည်းငယ်ပဲအသုံးပြုနိုင်မှာဖြစ်လို့ ဒီလိုကစားသမားတွေကို မခေါ်သင့်ပါဘူး''ဟု ပြောသည်။ 

KKW

#democracytoday

Rate this item
(0 votes)
back to top