HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

ပေါ်တူဂီ အသင်းရဲ့အောင်မြင်မှုမှာ စီရော်နယ်ဒို ဘယ်လောက် အရေးပါခဲ့သလဲ  

ပေါ်တူဂီ အသင်းရဲ့အောင်မြင်မှုမှာ စီရော်နယ်ဒို ဘယ်လောက် အရေးပါခဲ့သလဲ   

ပထမဆုံးအကြိမ်ကျင်းပခဲ့တဲ့ ဥရောပနေးရှင်း လိဂ်ပြိုင်ပွဲကြီးမှာ ပေါ်တူဂီအသင်းက ဆွစ်ဇာလန် ကို ၁-ဝနဲ့အနိုင်ယူပြီး ဗိုလ်စွဲသွားခဲ့ပါတယ်။ ဒါဟာ ပေါ်တူဂီဘောလုံးသမိုင်းမှာ ဒုတိယမြောက်အောင် မြင်မှုဖြစ်ပြီး ပထမဆုံးအောင်မြင်မှုကတော့ ယူရို ၂ဝ၁၆ ပြိုင်ပွဲမှာ အိမ်ရှင်ပြင်သစ်ကိုအနိုင်ရဗိုလ်စွဲ ခဲ့တာပဲဖြစ်ပါတယ်။

ထူခြားတာက ပေါ်တူဂီအသင်းရဲ့ဗိုလ်လုပွဲ နှစ်ကြိမ်စလုံးမှာ အဓိကတိုက်စစ်မှူး စီရော်နယ်ဒိုဂိုးမသွင်းနိုင်ခဲ့ပါဘူး။ အတိအကျပြောရရင် ယူရို ၂ဝဝ၄ ပြိုင်ပွဲဗိုလ်လုပွဲမှာလည်း စီရော်နယ်ဒို ဂိုးမ သွင်းနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ စီရော်နယ်ဒိုဟာ ဘာ ကြောင့်များ ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်လာခဲ့သလဲဆိုတဲ့အချက်က စဉ်းစားစရာဖြစ်ခဲ့ပါ တယ်။ ပေါ်တူဂီနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပခဲ့တဲ့ ယူရို ၂ဝဝ၄ ပြိုင်ပွဲမှာ ပေါ်တူဂီအသင်းဟာ ဂရိကို တစ်ဂိုးတည်းနဲ့ကပ်ရှုံးခဲ့ရပြီး ယူရို ၂ဝ၁၆ မှာလည်း ပေါ်တူဂီဟာ နာကျင်အချိန်ပိုမှာသွင်းယူတဲ့ လူစား ဝင်တိုက်စစ်မှူး အီဒါရဲ့သွင်းဂိုး၊ ၂ဝ၁၉ ဥရောပ နေးရှင်းလိဂ်ဗိုလ်လုပွဲမှာ ကွင်းလယ်တိုက်စစ် ကစား သမားဂူဒက်စ်ရဲ့သွင်းဂိုးတွေကြောင့် ပေါ်တူဂီအသင်း အနိုင်ရဗိုလ်စွဲခဲ့တာဖြစ်ပါတယ်။


တကယ်တော့ အပေါ်ယံကြည့်မယ်ဆိုရင် စီရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းရဲ့ဗိုလ်လုပွဲတွေမှာ ကြီးမားတဲ့ စွမ်းဆောင်မှုတွေမလုပ်ပြနိုင်ခဲ့ပေမယ့် ပြိုင်ပွဲတိုင်းမှာ သူရဲ့စွမ်းဆောင်ပေးမှုတွေကိုကြည့် ရင် အဓိကကျတဲ့နေရာတစ်ခုကနေ စွမ်းဆောင်ပေး နိုင်ခဲ့တာကိုတွေ့ရပါလိမ့်မယ်။ အနီးစပ်ဆုံးပြိုင်ပွဲ ဖြစ်တဲ့ ဥရောပနေးရှင်းလိဂ်ပြိုင်ပွဲမှာ စီရော်နယ်ဒို ဟာ အုပ်စုအဆင့်ပွဲစဉ်တွေကို ပါဝင်ကစားခဲ့ခြင်း မရှိပေမယ့် ဆီမီးဖိုင်နယ်အဆင့်မှာ ကစားရခက်ခဲတဲ့ ဆွစ်ဇာလန်ကို သူ့ရဲ့ဟက်ထရစ် ဂိုးတွေကြောင့်သာ အနိုင်ယူကျော်ဖြတ်နိုင်ခဲ့ပြီး ဗိုလ်လုပွဲအဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင်ဗိုလ်လု ပွဲမှာ သူ့ကို နယ်သာလန်နောက်တန်းက အဓိက ပစ်မှတ်ထားထိန်းချုပ်ထားချိန်မှာ အခြားကစား သမားတွေအတွက် နေရာလွတ်တွေဖန်တီးပေးနိုင် ခဲ့တာလို့ဆိုရမှာပဲဖြစ်ပါတယ်။


ယူရို ၂ဝ၁၆ အောင်မြင်မှုကိုပြန်ကြည့်မယ်ဆို ရင်လည်း ပေါ်တူဂီအသင်းဟာ အုပ်စုတွင်းသုံးပွဲ ကနေ ကွာတားဖိုင်နယ်အဆင့်အထိ မိနစ် ၉ဝ အတွင်း နိုင်ပွဲတစ်ပွဲမှမရဘဲ ဆီမီးဖိုင်နယ်၊ ဗိုလ်လုပွဲ အဆင့်တွေအထိတက်ရောက်နိုင်ခဲ့ပါတယ်။ အုပ်စု အဆင့်အဖွင့်ပွဲစဉ်မှာ အိုက်စလန်ကို တစ်ဂိုးစီ သရေ၊ သြစတြီးယားကို ဂိုးမရှိသရေကျခဲ့ပြီး အုပ် စုနောက်ဆုံးအဆင့်မှာ ဟန်ဂေရီရဲ့ဦးဆောင်ဂိုး တွေကို စီရော်နယ်ဒိုရဲ့ ချေပဂိုးတွေကြောင့်သာ ၃-၃ သရေကျပြီး သုံးပွဲကစား၊ ရမှတ် ၃ မှတ်နဲ့ အကောင်းဆုံး အုပ်စုတတိယအဖြစ် အုပ်စုအဆင့် က လွတ်မြောက်ခဲ့တာပဲဖြစ်ပါတယ်။


အခြားအချက်အလက်တွေအရကြည့်မယ်ဆို ရင်တော့ ပေါ်တူဂီအသင်းဟာ ယူရိုပြိုင်ပွဲတွေမှာ စီရော်နယ်ဒိုစကစားပြီးမှ ရလဒ်ကောင်းတွေရရှိခဲ့ တဲ့အချက်ပဲဖြစ်ပါတယ်။ ပေါ်တူဂီအသင်းဟာ စီရော်နယ်ဒိုမပါလာခင်က ယူရို ၈၄ မှာ ဆီမီးဖိုင် နယ်၊ ယူရို ၈၈ နဲ့ ယူရို ၉၂ မှာ ခြေစစ်ပွဲမအောင်၊ ယူရို ၉၆ မှာ ကွာတားဖိုင်နယ်၊ ယူရို ၂ဝဝဝ မှာ တော့ ဆီမီးဖိုင်နယ်အဆင့်ထိ တက်ရောက်နိုင်ခဲ့ပါ တယ်။ ပေါ်တူဂီအသင်းမှာ စီရော်နယ်ဒိုပါဝင်လာပြီး နောက်မှာတော့ ယူရို ၂ဝဝ၄ မှာ ဗိုလ်လုပွဲ၊ ယူရို ၂ဝဝ၈ မှာ ကွာတားဖိုင်နယ်၊ ယူရို ၂ဝ၁၂ မှာ ဆီမီးဖိုင်နယ်၊ ယူရို ၂ဝ၁၆ မှာ ချန်ပီယံဆုနဲ့အတူ ၂ဝ၁၉ ဥရောပနေးရှင်းလိဂ်ချန် ပီယံဆုတွေရရှိခဲ့ပါ တယ်။

 

စီရော်နယ်ဒိုမပါဝင်ခင်က ပေါ်တူဂီအသင်းရဲ့ အောင်မြင်မှုနဲ့ပါဝင်လာပြီးနောက် အောင်မြင်မှုတွေ ကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ပေါ်တူဂီအသင်းအပေါ် စီရော်နယ်ဒိုရဲ့သက်ရောက်မှု ဘယ်လောက်ကြီးမား တယ်ဆိုတာကို ထင်ထင်ရှားရှားမြင်တွေ့ရမှာပဲဖြစ်ပါတယ်။ စီရော်နယ်ဒိုကြောင့် ပေါ်တူဂီဘောလုံး အဆင့်အတန်းဟာ ပိုမိုမြင့်မားလာခဲ့တာဖြစ်သလို ရူဘင်နီဗက်စ်၊ အင်ဒရီဆေးဗား၊ ဂျာအိုဖီးလစ်၊ ဘာနာဒိုဆေးဗားတို့လို မျိုးဆက်သစ်လူငယ်တွေ လည်း ပေါ်ထွက်လာခဲ့ပါတယ်။ စီရော်နယ်ဒိုဟာ အသက် (၃၄)နှစ်အရွယ်မှာ အကောင်းဆုံးပုံစံကို ဆက်ထိန်းထားပြီး ပေါ်တူဂီအသင်းရဲ့ဆုဖလား အောင်မြင်မှုတွေမှာ အရေးပါတဲ့ နေရာတစ်ခုကနေ စွမ်းဆောင်ပေးနိုင်ခဲ့တယ်ဆိုတာကို အထက်ပါ အချက်အလက်တွေနဲ့ပဲ သုံးသပ်လိုက်ရပါတယ်။

TRA

#democracytoday

Rate this item
(0 votes)
back to top