HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

ရာသီသစ်တွင် အသင်း၌ အဲရစ်ဆင် ဆက်ရှိရန် ဗာတွန်ဂန်မျှော်လင့်  

ရာသီသစ်တွင် အသင်း၌ အဲရစ်ဆင် ဆက်ရှိရန် ဗာတွန်ဂန်မျှော်လင့်   

စပါးနောက်ခံလူ ဗာတွန်ဂန်က ကွင်းလယ်လူအဲရစ်ဆင်ကို အေဂျက်တွင်ကစားခဲ့စဉ်ကတည်းက ကောင်းစွာသိခဲ့ခြင်းဖြစ်ပြီး အပြောင်းအရွှေ့သတင်းများထွက်ပေါ်နေသော်လည်း အဲရစ်ဆင်အနေဖြင့် အ သင်းတွင်ဆက်ရှိနေမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
အဲရစ်ဆင်သည် ၂ဝ၁၃ ခုနှစ်ကတည်းက အေဂျက်မှ စပါးသို့ ရောက်ခဲ့ခြင်းဖြစ်ပြီး ၂ဝ၁၅ လိဂ်ဖလားနှင့် ယခုနှစ်ချန်ပီယံလိဂ်တို့တွင် ဗိုလ် လုပွဲရောက်ခဲ့သည်မှလွဲ၍ ဆုဖလား အောင် မြင်မှုမရခဲ့ရာ အသင်းပြောင်းရွှေ့ဖွယ်ရှိနေပြီး ၎င်းင်းကိုခေါ်ယူရန် ရီးရဲလ်က စိတ်ဝင်စားနေ သည်။

သို့ရာတွင် စပါးအသင်းဖော် ဗာတွန်ဂန် က ''အပြောင်းအရွှေ့ကာလဆိုရင် ကောလာဟ လတွေထွက်ပေါ်လာတတ်တာ ပုံမှန်ပါပဲ။ အဲ ရစ်ဆင်ဟာ ကစားသမားကောင်းတစ်ဦးဖြစ်ပြီး သူ့အသက် ၁၆ နှစ်လောက်ကတည်းက သူ့ကို ကျွန်တော်သိခဲ့တာပါ။ လာမယ့်ရာသီမှာ အသင်းမှာ သူဆက်ရှိနေမယ်လို့ မျှော်လင့်ပါတယ်''ဟု ပြောကြားခဲ့သည်။

KKW

#democracytoday

Rate this item
(0 votes)
back to top