HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

ကမ္ဘာ့ဖလားထက် အာဆင်နယ်အတွက်သာ ဝဲလ်ဘတ် အာရုံစိုက်၊ ရာသီမကုန်မီ မီခီတာယန် ပြန်ကစားနိုင်ရန် နည်းပြ ဝင်းဂါး မျှော်လင့်

ကမ္ဘာ့ဖလားထက် အာဆင်နယ်အတွက်သာ ဝဲလ်ဘတ် အာရုံစိုက်၊ ရာသီမကုန်မီ မီခီတာယန် ပြန်ကစားနိုင်ရန် နည်းပြ ဝင်းဂါး မျှော်လင့်

အာဆင်နယ်တိုက်စစ်မှူး ဝဲလ်ဘတ်က နွေရာသီတွင်ကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်္ဂလန်အသင်းနှင့်အတူ ပါဝင်ကစားခွင့်ရရေးထက် လက်ရှိတွင် အာဆင်နယ်အတွက် အကောင်းဆုံးစွမ်းဆောင်နိုင်ရန်သာ အာရုံစူးစိုက်ထားကြောင်း ပြောဆိုခဲ့သည်။ ဝဲလ်ဘတ်သည် ၂ဝ၁၈ ခုနှစ်အတွင်း ဂိုးပေါက်ပျောက်ဆုံးနေခြင်းကို ပြီးခဲ့သော ဆောက်သမ်တန်နှင့်ပွဲတွင် အဆုံးသတ်နိုင်ခဲ့ရာ ယူရို ၂ဝ၁၆ ခြေစစ်ပွဲကာလနောက်ပိုင်း ဝေးကွာနေခဲ့ သော အင်္ဂလန်အသင်းနှင့်အတူ ၂ဝ၁၈ ကမ္ဘာ့ဖလားတွင် ပါဝင်ကစားခွင့်ရဖွယ်ရှိကြောင်း ခန့်မှန်းနေကြသည်။


ဝဲလ်ဘတ်သည် လွန်ခဲ့သော နှစ်ရာသီအတွင်း ဒဏ်ရာပြဿနာများ ဖြင့်ရုန်းကန်နေရရာ ကြံ့ခိုင်မှုအခြေ အနေက အင်္ဂလန်တွင်ပါဝင်ရန် အဟန့်အတားတစ်ခုဖြစ်နေပြီး မတ်လအတွင်း နယ်သာလန်၊ အီတလီတို့နှင့်ပွဲများတွင် ဟယ်ရီကိန်းမပါဝင်နိုင်ချိန်မှာပင် အင်္ဂလန်နည်းပြဆောက်ဂိတ်မှာ ၎င်းကို ရွေးချယ်ခြင်းမပြုခဲ့ပေ။ ဝဲလ်ဘတ်က ''ကမ္ဘာ့ဖလားလူ စာရင်းကို ကျွန်တော်ရွေးချယ်ရမှာ မဟုတ်လို့ ကမ္ဘာ့ဖလားမှာကစားခွင့် ဆိုတာက သူ့ဟာသူဖြစ်သွားပါလိမ့်မယ်။ လက်ရှိအချိန်မှာ ကျွန်တော့်စိတ် ထဲမှာရှိတာက အသင်းနဲ့အတူ နောက် ပွဲတွေမှာ အကောင်းဆုံးခြေစွမ်းပြနိုင်ဖို့ပါပဲ။ ယူရိုပါလိဂ်အိမ်ကွင်းပွဲစဉ်မှာ ၄-၁ နဲ့ အနိုင်ရထားပေမယ့် CSKA မော်စကိုနဲ့ပွဲက ခက်ခဲမှုရှိဦးမှာဖြစ်လို့ ဒီပွဲအပေါ်မှာပဲ အာရုံစူးစိုက်ထားပါတယ်''ဟု ပြောကြားခဲ့သည်။ အခြားတစ်ဖက်တွင် အာဆင်နယ် နည်းပြအာစင်ဝင်းဂါးက ကွင်းလယ်လူ မီခီတာယန်မှာ CSKA မော်စကို နှင့်ပွဲမှ ဒူးအရွတ်ထိခိုက်မိသည့်ဒဏ်ရာ ကြောင့် ကာလအတန်ကြာ အနားယူ ရမည်ဖြစ်သော်လည်း ယခုနှစ်ရာသီ မကုန်မီ ပြန်ကစားနိုင်ဖွယ်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။


မီခီတာယန်သည် CSKA  မော် စကိုနှင့်ပွဲတွင် ၆၁ မိနစ်၌ အဆိုပါ ဒဏ်ရာကိုရရှိခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သော ဆောက်သမ်တန်နှင့်ပွဲကို လွဲချော်ခဲ့ရ သည့်အပြင် CSKA  မော်စကိုနှင့် ဒု-အကျော့ပွဲကိုပါ လွဲချော်မည်ဖြစ်သည်။ အာစင်ဝင်းဂါးက ''မီခီတာယန်ဟာ ဒူးအရွတ်ထိခိုက်တဲ့ဒဏ်ရာရ သွားခဲ့တာပါ။ သူ့အနေနဲ့ CSKA  မော် စကိုနဲ့ပွဲမှာ မပါဝင်နိုင်သလို နယူး ကာဆယ်နဲ့ပွဲရော ဒီနောက်မှာ ကစားရမယ့် ဝက်စ်ဟမ်းနဲ့ပွဲကိုပါ လွဲချော်ရမှာပါ။ ဒီပွဲတွေကို သေချာပေါက်လွဲရ မယ်လို့ ကျွန်တော်တွေးထားပေမယ့် ဘောလုံးရာသီမကုန်ခင် သူပြန်ကစား နိုင်မယ်လို့ထင်ပါတယ်''ဟု ပြောကြား ခဲ့သည်။ အာဆင်နယ်သည် မီခီတာယန် မပါဝင်နိုင်သော်လည်း ပြီးခဲ့သောပွဲ တွင် ဆောက်သမ်တန်ကို အနိုင်ယူကာ ပြိုင်ပွဲစုံတွင် ခြောက်ပွဲဆက်အနိုင်ရသည့်စံချိန်ကို ရရှိခဲ့သည်။

KKW

#democracytoday

Rate this item
(0 votes)
back to top