HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

ဂိုးသမား အီဒါဆင်ကို နှစ်နှစ် စာချုပ်ဖြင့် မန်စီးတီးအသင်း သက်တမ်းတိုး

ဂိုးသမား အီဒါဆင်ကို နှစ်နှစ် စာချုပ်ဖြင့် မန်စီးတီးအသင်း သက်တမ်းတိုး

မန်စီးတီးအသင်းသည် ယခုနှစ်ရာသီတွင် ပရီးမီးယားလိဂ်ချန်ပီယံဆုကိုရယူနိုင်ခဲ့ရာ၌ အရေးပါသောကစားသမားတစ်ဦးဖြစ်ခဲ့သည့် ဘရာဇီးဂိုးသမား အီဒါဆင်အား အသင်းနှင့် ၂ဝ၂၅အထိ ဆက်ရှိနေမည့် စာချုပ်သစ်ဖြင့် ထပ်မံသက်တမ်းတိုးခဲ့ကြောင်း သိရသည်။ အီဒါဆင်သည် ယမန်နှစ်နွေရာသီက ဘင်ဖီကာအသင်းမှ မန်စီးတီးအသင်းသို့ ခြောက်နှစ် စာချုပ်ဖြင့်ရောက်လာခဲ့ခြင်းဖြစ်ပြီး ယခုအခါ နောက်ထပ် နှစ်နှစ်သက်တမ်းတိုးခဲ့ခြင်းကြောင့် ၂ဝ၂၅ ခုနှစ်အထိ မန်စီးတီးအသင်းတွင်ဆက်ရှိ နေတော့မည်ဖြစ်သည်။

အီဒါဆင်က ''စာချုပ်သစ်ကို လက်မှတ်ထိုးနိုင်ခဲ့လို့ ဝမ်းမြောက်မိပါတယ်။ ဒါဟာ ကျွန်တော့်အပေါ် ယုံကြည်မှုရှိ ကြောင်း အသင်းက သက်သေပြခဲ့တာပါ။ အသင်းရဲ့ မျှော်လင့်ချက်အတိုင်းဆက်ပြီး စွမ်းဆောင်နိုင်မယ်လို့ ရည်မှန်းထားပါတယ်''ဟု ပြောကြားခဲ့သည်။ ထို့အပြင် အီဒါဆင်က အသင်းနှင့်အတူ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီးနောက် အခြားဆုဖလားများကို ထပ်မံရယူနိုင်ရန် မျှော်လင့်ထားပြီး အထူးသဖြင့် ချန်ပီယံလိဂ်တွင် ဗိုလ်စွဲရေးမှာ မိမိ၏အိပ်မက်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ 

KKW

#democracytoday

Rate this item
(0 votes)
back to top