HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

တစ်ရာသီအတွင်း ပရီးမီးယားလိဂ် သွင်းဂိုး စံချိန်ဟောင်းကို ဆာလက် ချိုးဖျက်၊ ရီးရဲလ်နှင့်ပွဲ မတိုင်မီ လီဗာပူး ကွင်းလယ်တွင် အင်အားလျော့နည်းနေ

တစ်ရာသီအတွင်း ပရီးမီးယားလိဂ် သွင်းဂိုး စံချိန်ဟောင်းကို ဆာလက် ချိုးဖျက်၊ ရီးရဲလ်နှင့်ပွဲ မတိုင်မီ လီဗာပူး ကွင်းလယ်တွင် အင်အားလျော့နည်းနေ

လီဗာပူးတောင်ပံကစားသ မားဆာလက်သည် ရာသီပိတ် နောက်ဆုံးပွဲစဉ်ဖြစ်သော ဘရိုက်တန်နှင့်ပွဲတွင် ဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ၃၈ပွဲကစားရသော ပရီးမီးယားလိဂ်တစ်ရာသီအတွင်း ဂိုးအများဆုံးသွင်းယူနိုင်သောက စားသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့သည်။ ဆာလက်သည် ဘရိုက်တန်နှင့်ပွဲမှဂိုးအပါအဝင် တစ်ရာသီအတွင်း ၃၂ဂိုးအထိသွင်းယူနိုင်ခဲ့ခြင်း ဖြစ်ရာ ယခင်က ၃၈ပွဲကစားရ သောဘောလုံးရာသီတစ်ခုအတွင်း ၃၁ဂိုးစီသွင်းယူနိုင်ခဲ့သော အလန်ရှီးယား(၁၉၉၅-၉၆)၊ စီရော်နယ်ဒို (၂ဝဝ၇-ဝ၈)၊ ဆွာရက်ဇ်(၂ဝ၁၃- ၁၄)တို့၏ စံချိန်များကို ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်သည်။

တစ်ရာသီအတွင်း ၄၂ပွဲအထိ ကစားရသော ၁၉၉၃-၉၄နှင့် ၁၉၉၄-၉၅ ရာသီများတွင် ၃၄ဂိုးစီ သွင်းယူနိုင်ခဲ့ကြသော အလန်ရှီးယားနှင့် အင်ဒီကိုးလ်တို့၏စံချိန်ကို ချိုးဖျက်နိုင်ခဲ့ရန် နီးစပ်ခဲ့သော်လည်း ဆာလက်မှာ စတုတ်၊ ချဲလ်ဆီးတို့နှင့်ပွဲများတွင် ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိသည့်အတွက် ၃၈ပွဲတစ်ရာသီအတွင်း ဂိုးအများဆုံးသွင်းယူနိုင်သည့်စံချိန်ကိုသာ တင်နိုင်ခဲ့ခြင်း ဖြစ်သည်။ ဆာလက်အနေဖြင့် ယခုကဲ့သို့ ပရီးမီးယားလိဂ်သွင်းဂိုးစံချိန် တင်နိုင်ခဲ့ရာတွင် ပြီးခဲ့သောနှစ်နှစ် ဆက်တိုက် စပါးမှဟယ်ရီကိန်းရယူနိုင်ခဲ့သော ပရီးမီးယားလိဂ်ရွှေဖိနပ် ဆုကိုလည်းရယူနိုင်ခဲ့ခြင်းဖြစ်ကာ တစ်ရာသီအတွင်း ပြိုင်ပွဲစုံတွင် ၄၄ ဂိုးသွင်းယူထားသည့်အတွက် မက်ဆီ(၄ဝဂိုး)၊ စီရော်နယ်ဒို(၄၂ဂိုး)တို့ထက်လည်း စွမ်းဆောင်ရည်ပိုမို သာလွန်နေရာ ၂ဝ၁၈ရွှေဘောလုံးဆုကိုရရှိရန်လည်း ရေပန်းစားနေသည်။


အခြားတစ်ဖက်တွင် လီဗာပူးကွင်းလယ်လူမီလ်နာသည် ဒဏ်ရာ ကြောင့် ရာသီပိတ်နောက်ဆုံးပွဲစဉ် ဖြစ်သော ဘရိုက်တန်နှင့်ပွဲကို လွဲ ချော်ခဲ့ရရာ ရီးရဲလ်နှင့်ကစားရမည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲမတိုင်မီ လီ ဗာပူးအသင်းကွင်းလယ်မှာ အင်အားလျော့နည်းမှုများရှိနေကြောင်းသိရှိရသည်။ နည်းပြကလော့ပ်က ''မီလ်နာဟာ အသေးစားဒဏ်ရာရခဲ့တာဖြစ်ပြီး တစ်ပတ်လုံးလေ့ကျင့်ခန်းမဆင်း နိုင်ခဲ့တာကြောင့် ဘရိုက်တန်နဲ့ပွဲ လူစာရင်းက ဖယ်ရလောက်အောင် ဒဏ်ရာအခြေအနေက စိုးရိမ်ခဲ့ရပါတယ်။ သူဟာ အရေးပါတဲ့ကစားသမားတစ်ဦးဖြစ်တာကြောင့် ဒီပြ ဿနာကိုဖြေရှင်းနိုင်ဖို့ ကျွန်တော်တို့ကြိုးစားသွားမှာပါ''ဟု ပြောကြား ခဲ့သည်။ မီလ်နာသည် ချန်ပီယံလိဂ်တွင် လီဗာပူးအတွက် ဂိုးဖန်တီးမှု ရှစ်ကြိမ်ပြုလုပ်ထားသည့်အထိ အရေးပါသောကစားသမားတစ်ဦး ဖြစ်နေခြင်းကြောင့် ချိန်ဘာလိန်၊ အမ်မရီကန်တို့ဒဏ်ရာပြဿနာရှိ နေချိန်တွင် ရီးရဲလ်နှင့်ချန်ပီယံလိဂ် ဗိုလ်လုပွဲမတိုင်မီ လီဗာပူးကွင်းလယ်၌ အားနည်းမှုများရှိနေခြင်း ဖြစ်သည်။


KKW

#democracytoday

Rate this item
(0 votes)
back to top