HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

နယူးကာဆယ်နှင့်ပွဲမှ ခြေစွမ်းဖြင့် အက်ဖ်အေဖလား မရနိုင်ဟု ကွန်တီ သတိပေး

နယူးကာဆယ်နှင့်ပွဲမှ ခြေစွမ်းဖြင့် အက်ဖ်အေဖလား မရနိုင်ဟု ကွန်တီ သတိပေး

ချဲလ်ဆီးနည်းပြကွန်တီက ရာသီပိတ်နောက်ဆုံးပွဲစဉ်တွင် နယူးကာဆယ်ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ခြင်းမှာ စိတ်ပျက်စရာကောင်းပြီး အဆိုပါ ခြေစွမ်းအတိုင်းကစားမည်ဆိုပါက လာမည့်မန်ယူနှင့် အက်ဖ်အေဖလား ဗိုလ်လုပွဲတွင် အနိုင်ရမည့်အခွင့် အရေးရှိမည်မဟုတ်ကြောင်း အသင်းသားများအား သတိပေးခဲ့သည်။

ချဲလ်ဆီးသည် ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်ကို အသက်ဆက်နိုင်ရေးအတွက် နယူးကာဆယ်ကို မဖြစ်မနေအနိုင်ကစားရမည်ဖြစ်သော်လည်း ၃-ဝဖြင့် ဂိုး ပြတ်အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။ ကွန်တီက ''စိတ်ဓာတ်ပိုင်းကို ကြည့်ရင် နယူးကာဆယ်က ကျွန် တော်တို့ထက် ပိုကောင်းခဲ့ပါတယ်။ သူတို့ဟာ အနိုင်သုံးမှတ်ရချင်စိတ်ပိုများခဲ့သလို ဘောလုံးရာသီကို အကောင်းဆုံးအဆုံးသတ်ချင်တဲ့ ဆန္ဒပြင်းပြမှုလည်းရှိခဲ့ပါတယ်။ အသင်းအနေနဲ့ ခြေစွမ်းအပြောင်းအလဲဖြစ်ဖို့လိုအပ်နေပြီး ဒီခြေစွမ်းအတိုင်းဆက်သွားမယ်ဆိုရင်တော့ အက်ဖ်အေဖလားဗိုလ်လုပွဲမှာ အနိုင်ရမယ့်အခွင့်အရေးရှိမှာမဟုတ်ပါဘူး''ဟု သတိပေးခဲ့သည်။ 

 

KKW

#democracytoday

Rate this item
(0 votes)
back to top