HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

နည်းပြသစ်အဖြစ် အီတလီ ဘောလုံးအဖွဲ့ချုပ် မန်ချီနီကို ခန့်အပ်

နည်းပြသစ်အဖြစ် အီတလီ ဘောလုံးအဖွဲ့ချုပ် မန်ချီနီကို ခန့်အပ်

အီတလီဘောလုံးအဖွဲ့ချုပ်သည် နည်းပြလက်မဲ့ဖြစ်နေသော လက်ရွေးစင်အသင်းအတွက် နည်းပြသစ်အဖြစ် မန်စီးတီးနှင့် အင်တာနည်းပြဟောင်း မန်ချီနီကို ခန့်အပ်ရန် သဘောတူညီမှုရရှိသွားခဲ့ပြီဖြစ်ကြောင်းသိရသည်။

မန်ချီနီသည် အီတလီအသင်း နည်းပြအဖြစ်ဆောင်ရွက်ရန်အတွက် ရုရှားကလပ်ဇင်းနစ်အသင်း နည်းပြရာထူးမှနုတ်ထွက်ခဲ့ပြီး ယခုအီတလီဘောလုံးအဖွဲ့ချုပ်နှင့် ချုပ်ဆိုထားသည့် စာချုပ်သက်တမ်းကိုထုတ်ပြန်ကြေညာခဲ့ခြင်း မရှိပေ။ အီတလီအသင်းသည် ပြီးခဲ့သည့် ၂ဝ၁၇ နိုဝင်ဘာလအတွင်း ကမ္ဘာ့ဖလားခြေစစ်ပွဲကျရှုံးခဲ့ရပြီး နောက် နည်းပြဗန်တူရာနုတ်ထွက်သွားခဲ့သောကြောင့် ယာယီနည်းပြအဖြစ် ဒီဘီယာဂီယိုအားခန့်အပ်ခဲ့ရသည်။ အီတလီလက်ရွေးစင် နည်းပြဖြစ်လာခဲ့ခြင်းနှင့်ပတ်သက်၍ မန်ချီနီက ''အီတလီကိုပြန် ရောက်လာခဲ့လို့ အရမ်းဝမ်းသာ မိပါတယ်''ဟုဆိုသည်။

 

မန်ချီနီသည် အီတလီအသင်းနှင့် ပထမဆုံးပွဲဦးထွက်အဖြစ်လာမည့် မေလ ၂၈ ရက်နေ့တွင် ဆော်ဒီအာရေဗျအသင်းနှင့် ခြေစမ်းပွဲစတင်ကစားရမည်ဖြစ်ပြီး ယင်းနောက်တွင် ပြင်သစ်၊ နယ်သာလန်တို့နှင့် ထပ်မံခြေစမ်းရမည် ဖြစ်သည်။ 

KKW

#democracytoday

Rate this item
(0 votes)
back to top