HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

ပီအက်စ်ဂျီ အသင်းနည်းပြသစ် အဖြစ် အမ်မရီ၏ နေရာတွင် တူချယ်ကို အစားထိုး ခန့်အပ်

ပီအက်စ်ဂျီ အသင်းနည်းပြသစ် အဖြစ် အမ်မရီ၏ နေရာတွင် တူချယ်ကို အစားထိုး ခန့်အပ်

ပီအက်စ်ဂျီအသင်းသည် နည်းပြသစ်အဖြစ် ဒေါ့မွန်နည်းပြဟောင်းတူချယ်အား ခန့်အပ်လိုက်ကြောင်းသိရသည်။ တူချယ်သည် ဒေါ့မွန်နည်းပြရာထူးမှနုတ်ထွက်ခဲ့သည့် ၂ဝ၁၇ ကတည်းက ကလပ်လက်မဲ့ဖြစ် နေခဲ့သူဖြစ်ပြီး ပီအက်စ်ဂျီက ၎င်းအား ၂ နှစ် စာချုပ်ဖြင့် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

ပီအက်စ်ဂျီအသင်းနည်းပြ အူနိုင်းအမ်မရီသည် ယခုရာသီတွင် အသင်းအတွက် ပြည်တွင်းဆုဖလားသုံးလုံး ရယူပေးခဲ့ပြီးနောက် ရာထူးမှနုတ်ထွက်သွားခဲ့ခြင်း ကြောင့် ၎င်း၏နေရာတွင် တူချယ်ကိုအစားထိုးခန့်အပ်ခဲ့ခြင်းဖြစ်သည်။ ပီအက်စ်ဂျီနည်းပြသစ်ဖြစ်လာပြီး နောက် တူချယ်က '' ပီအက်စ်ဂျီအသင်းဟာ ကစားသမားကောင်းတွေပိုင်ဆိုင်ထားတဲ့ အသင်းဖြစ်သလို အလားအလာကောင်း တွေရှိနေတဲ့အသင်းဖြစ်ဖြစ်တာကြောင့် ကျွန်တော်ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေအတွက် ကျေနပ်မိပါတယ်''ဟုဆိုသည်။ ထို့အတူ ပီအက်စ်ဂျီအသင်းဥက္ကဋ္ဌ အယ်ခီလိုင်ဖီကလည်း ''တူချယ်ဟာ ဥရောပမှာ ပြိုင်ဆိုင်မှုအားကောင်းတဲ့ နည်းပြဖြစ်ပါတယ်''ဟု ချီးကျူးခဲ့သည်။ 

KKW 

#democracytoday

Rate this item
(0 votes)
back to top