HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

ခရိုအေးရှားနှင့် ကစားမည့် ခြေစမ်းပွဲတွင် နေမာ ပြန်ကစားနိုင်ဖွယ် ရှိဟု ဘရာဇီး ဆရာဝန် ဆို

ခရိုအေးရှားနှင့် ကစားမည့် ခြေစမ်းပွဲတွင် နေမာ ပြန်ကစားနိုင်ဖွယ် ရှိဟု ဘရာဇီး ဆရာဝန် ဆို

ဒဏ်ရာရနေသော်လည်း ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မည့် ဘရာဇီးအသင်းတွင်ပါဝင်လာသည့်နေမာသည် ပြိုင်ပွဲမတိုင်မီ ကစားမည့် ခရိုအေးရှားအသင်းနှင့်ခြေစမ်းပွဲတွင် ပြန်ကစားနိုင်ဖွယ်ရှိနေ ကြောင်း သိရသည်။

ဘရာဇီးအသင်းသည် ဇွန်လအစောပိုင်းတွင် လီဗာပူးအသင်း၏အန်ဖီးလ်ကွင်း၌ ခရို အေးရှားအသင်းနှင့်ခြေစမ်းပွဲကစားရန် ရှိနေပြီး နေမာ၏ဒဏ်ရာအခြေအနေနှင့်ပတ်သက်၍ ဘရာဇီးအသင်းဆရာဝန် ရိုဒရီဂို လက်စ်မာက ''နေမာရဲ့ဒဏ်ရာက တိုးတက် ကောင်းမွန်လာပါတယ်။ သူ့ရဲ့ဒဏ်ရာ အပေါ်ကျွန်တော်တို့ အကြိမ်ကြိမ်စစ်ဆေး နေခဲ့တာပါ။ လာမယ့်ရက်သတ္တပတ်မှာ အသင်းနဲ့အတူ သူလေ့ကျင့်နိုင်တော့မှာပါ။ ဘောလုံးနဲ့ လေ့ကျင့်မှုတွေပြုလုပ်နိုင်ပြီး ကြံခိုင်မှုအပြည့်အဝရရှိပြီဆိုရင်တော့ နည်းပြတီတီကသာ သူနဲ့ပတ်သက်ပြီးဆုံးဖြတ်ပါလိမ့်မယ်။ ဒီတော့ ဇွန်လထဲမှာကစားမယ့် ခြေစမ်းပွဲကိုလည်း ကစားနိုင်ဖို့ ရှိနေပါတယ်''ဟု ထုတ်ဖော်ပြော ကြားခဲ့သည်။ ဘရာဇီးအသင်းသည် ခရိုအေးရှား အသင်းနှင့်ခြေစမ်းပြီးနောက် ဇွန်လ ၁ဝ ရက်နေ့တွင် သြစတြီးယားအသင်းနှင့် ခြေစမ်းပွဲ ထပ်မံကစားမည်ဖြစ်သည်။


KKW

#democracytoday

Rate this item
(0 votes)
back to top