HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

မိမိ၏ မွေးနေ့ပါတီတွင် ဇိမ်မယ်များ မပါဝင်ခဲ့ကြောင်း ဟာနန်ဒက်ဇ် ရှင်းလင်း

မိမိ၏ မွေးနေ့ပါတီတွင် ဇိမ်မယ်များ မပါဝင်ခဲ့ကြောင်း ဟာနန်ဒက်ဇ် ရှင်းလင်း

မက္ကဆီကိုတိုက်စစ်မှူးဟာ နန်ဒက်ဇ်က မီဒီယာများတွင် နာမည်ဆိုးဖြင့် ဖော်ပြခဲ့ကြသောပါတီပွဲမှာ မိမိ၏အသက် ၃ဝ ပြည့်အထိမ်းအမှတ်ပြုလုပ်ခဲ့သောပွဲဖြစ်ပြီး ဇိမ်မယ်များပါဝင်ခဲ့သည်ဆိုခြင်းမှာ မှန်ကန်မှုမရှိကြောင်း ရှင်းလင်းခဲ့သည်။

မက္ကဆီကိုကစားသမားများသည် စကော့တလန်နှင့်ခြေစမ်းပွဲအပြီးတွင် အချိန်မတော်ပါတီပွဲဆင်နွှဲခဲ့ကြပြီး ယင်းပါတီပွဲတွင် ဇိမ်မယ်များလည်း ပါဝင်ခဲ့ကြောင်း မက္ကဆီကိုသတင်းစာတစ်စောင်က ဖော်ပြခဲ့သည်။ သို့ရာတွင် ဟာနန်ဒက်ဇ်က ''ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး မှန်းဆချက်တွေအများကြီးရှိခဲ့ပေမယ့် ဒါဟာ ကျွန်တော့်ရဲ့အသက် ၃ဝ ပြည့်မွေးနေ့ပွဲကျင်းပခဲ့တာဖြစ်ပြီး အသင်းကလည်း နားရက်တစ်ရက်ပေးခဲ့ပါတယ်။ ဒီပါတီပွဲမှာ ကိုယ်ရေးကိုယ်တာကိစ္စရှိတဲ့ ကိုရိုနာကလွဲလို့ အားလုံးကိုကျွန်တော်ဖိတ်ခဲ့တာဖြစ်ပြီး ဇိမ်မယ်ဆိုတာမျိုးတွေလည်း လုံးဝမရှိခဲ့ပါဘူး''ဟု ပြောကြားခဲ့သည်။

KKW

#democracytoday

Rate this item
(0 votes)
back to top